အနိုင် ရလဒ်ကြောင့် ပျော်ရွှင်နေသည့် မိုယက်စ်

အာဆင်နယ် အသင်းအပေါ် နိုင်ပွဲ ရယူနိုင်ခဲ့သည့် အတွက် ဝမ်းသာ ပျော်ရွှင်မိကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ဖွင့်ဟ ပြောကြားခဲ့သည်။

ပွဲချိန် (၂၇)မိနစ်တွင် အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ရော်ဘင်ဗန်ပါစီ သွင်းယူပေးသည့် တစ်လုံးတည်းသော ဂိုးဖြင့် ယူနိုက်တက်တို့ အိုးလ်ထရက်ဖို့ဒ်တွင် (၃)မှတ်အပြည့် ရယူနိုင်ခဲ့သလို မိုယက်စ်အတွက် ယူနိုက်တက် မန်နေဂျာ ဘဝတွင် (၃)ပွဲဆက် အနိုင် ရသည့် ရလဒ်ကောင်းကို ပိုင်ဆိုင် လာခဲ့သည်။ ထို့အပြင် အဲဗာတန်မှ ပြောင်းရွှေ့လာပြီး ကတည်းက အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းတွင် ရလဒ်ပိုင်း ရုန်းကန် နေရသူ စကော့တလန်သား အတွက် ထိပ်တန်း ပြိုင်ဘက် တစ်သင်းကို ပထမဆုံး အနိုင် ရခြင်းမျိုးလည်း ဖြစ်လာ စေခဲ့သည်။

မိုယက်စ်က "ကျွန်တော်တို့ အချိန်တိုင်း အကောင်းဆုံး ကစားနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခုပွဲရလဒ်ကတော့ ခမ်းနားလွန်းပါတယ်။ အာဆင်နယ်ဟာ ဒီရာသီမှာ အကောင်းဆုံး ပုံစံမျိုး ရနေတဲ့ အသင်းပါ။ ဒါကြောင့် သူတို့ကို အနိုင်ရဖို့ ဆိုရင် ကစားပုံ ကောင်းဖို့ လိုမယ်ဆိုတာ ကျွန်တော်တို့ သဘော ပေါက်ပြီးသားပါ" ဟု ဆိုသည်။

၎င်းက "ပထမပိုင်းမှာ ယူနိုက်တက် အစ ကောင်းခဲ့ပါတယ်။ အထူးသဖြင့် ပထမဆုံး မိနစ်(၃၀)လောက်မှာပါ။ အသင်း အနေနဲ့ စူးစိုက်မှု၊ အားထုတ်မှု၊ ကစားပုံကောင်းမှုတွေကြောင့် ရလဒ် ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အဖိ ခံခဲ့ရပေမယ့် ရလဒ်ကောင်းကို ကာကွယ်နိုင်ခဲ့တယ်။ ဒီနိုင်ပွဲဟာ ကျွန်တော်တို့အတွက် ခြေလှမ်းသစ် တစ်ရပ်အဖြစ် သတ်မှတ်နိုင်မယ်လို့ ထင်ပါတယ်" ဟုလည်း ညွှန်းဆိုသွားသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ