မိုယက်စ် လက်အောက်တွင် လေ့ကျင့်ရေး အစီအစဉ်များ ပြင်းထန် လိမ့်မည်ဟု အဲဗာတန် ကစားသမားများဆို

ဒေးဗစ်မိုယက်စ် လက်အောက်တွင် လေ့ကျင့်ရေး အစီအစဉ်များ အလွန် ပြင်းထန်လိမ့်မည်ဟု အဲဗာတန် ကစားသမား အချို့က မန်ချက်စတာ ယူနိုက်တက်မှ ၎င်းတို့၏ သူငယ်ချင်းများထံ သတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။

ယခု နွေရာသီတွင် အဲဗာတန်မှ ယူနိုက်တက်သို့ ပြောင်းရွှေ့လာသည့် စကော့တလန်သား မန်နေဂျာ၏ လေ့ကျင့်ရေး အစီအစဉ်များသည် ယခင် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် လက်ထက်ကထက် ပိုမို ပြင်းထန်ကြောင်း ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကလည်း မှတ်ချက် ပြုခဲ့ဖူးသည်။ အင်္ဂလန် ချန်ပီယံ အသင်းနှင့် နီးစပ်သူ တစ်ဦးက "အဲဗာတန်က ကစားသမား တချို့နဲ့ ကျွန်တော်တို့ အသင်းသား တချို့တို့ မိုယက်စ်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ အကြောင်း ဆက်သွယ် ဆွေးနွေး ဖြစ်ပါတယ်။ အဲဗာတန် ကစားသမားတွေက ယူနိုက်တက် အနေနဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ လေ့ကျင့်ရေး အစီအစဉ်မျိုးတွေ ကြုံလာလိမ့်ဦးမယ်လို့ ပြောခဲ့ကြတယ်" ဟု ပြောဆိုခဲ့သည်။


၎င်းက "အဲဗာတန် ကစားသမားတွေက မိုယက်စ်ရဲ့ လေ့ကျင့်ရေး ပုံစံဟာ ပျော်စရာ ကောင်းတယ်လို့တော့ ပြောကြပါတယ်။ ပြီးတော့ သူ့လက်အောက်မှာ ယူနိုက်တက်က လူငယ်တချို့ လက်ရွေးစင် ဖြစ်လာဖို့တောင် အခွင့်အရေး ရနိုင်တယ်လို့ ထောက်ခံကြတယ်" ဟုလည်း ဆိုသည်။ မိုယက်စ် လက်အောက်တွင် ကစားသမားများ ကြံ့ခိုင်မှု ပိုမို မြင့်မား လာခြင်းမှာမူ သိသာသည့် အပြောင်းအလဲ ဖြစ်ပြီး တိုက်စစ်မှူး တစ်ဦးဖြစ်သော ရွန်နီသည် အာဆင်နယ်နှင့်ပွဲတွင် (၁၁)ကီလိုမီတာစာ ပြေးလွှား နိုင်ခဲ့သည်။

ယင်းပွဲစဉ်၏ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး ကွင်းလယ်ရော၊ ခံစစ်ပါ ပြောင်းရွှေ့ကစားခဲ့သည့် ဖီးလ်ဂျုံးစ်သည်လည်း ရွန်နီနှင့် မနီးယိုးစွဲ လုပ်အားနှုန်းမျိုး ပြသခဲ့သေးသည်။ ဂျုံးစ်က "ဒီလိုပွဲမျိုးမှာ ကိုယ့်ရဲ့ စွမ်းအင်တွေကို ထုတ်သုံးဖို့ လိုပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာပေါ့။ ပြိုင်ဘက်ကို နေရာလွတ် ကျဉ်းအောင် ထားကစားပြီး ဘောလုံးကို အရပြန်ယူဖို့ ကြိုးစားရပါတယ်။ ဒီအချက်က အာဆင်နယ် အတွက် အခက်အခဲ ဖြစ်စေခဲ့သလို အခွင့်အလမ်းတွေ နည်းသွားအောင် ကန့်သတ် နိုင်ခဲ့ပါတယ်" ဟု မှတ်ချက်ပြု သွားသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ