ရန်ကုန်၊ နိုဝင်ဘာ ၁၅
၁၄.၁၁.၂၀၁၃ရက်နေ့ ၂၁၄၅အချိန် မနှင်းဝါဖြူ ၊ အဓိပတိဆေးခန်းအကူ၊ (ဘ)ဦးဇော်မင်း၊တာမွေကြီး(ခ)ရပ်ကွက်၊တာမွေမြို့နယ်နေသူသည် အလုပ် လုပ်ကိုင်ရာနေရာမှ အမှတ် (၉၅)၊ အနောက်မြင်းပြိုင်ကွင်းလမ်းထောင့်ရှိ အမှိုက်ပုံသို့ အမှိုက်ပစ်ပြီးပြန်လာစဉ် ဆေးခန်းအနီး အမှတ်(၉၃) တိုက်လှေကားရှေ့အရောက် မျိုးချစ် (ဘ)ဦးဝင်းမြင့်၊ အရိုးကုန်းရပ်ကွက်၊ တာမွေမြို့နယ်နေသူမှ မနှင်းဝါဖြူ၏ လက်ကိုဆွဲ၍လှေကားဘက်သို့ ဆွဲခေါ်သဖြင့် အော်ဟစ်အကူ အညီတောင်းရန်ကြိုးစားစဉ် မျိုးချစ်မှ မနှင်းဝါဖြူ၏ လည်းပင်းကိုညစ်၍ ပါးစပ်ကိုလက်ဖြင့်ပိတ်ကာ နားရွက်အားကိုက်သဖြင့် မနှင်းဝါဖြူမှ မျိုးချစ်၏လက်အားပြန်လည်ကိုက်ပြီး ထွက်ပြေးရန်ရုန်းကန်စဉ် လှေကားအတိုင်း အမျိုးသားတစ်ဦးဆင်းလာသဖြင့် မျိုးချစ်မှ မနှင်းဝါဖြူဆွဲထားသောအလေးချိန် (၁)ကျပ်သားခန့်ရှိ ရွှေဆွဲကြိုး (၁)ကုံး၊ ကာလတန်ဘိုးငွေကျပ် (၇)သိန်းခန့်အား လုယူထွက်ပြေး သွားခဲ့သောကြောင့် မျိုးချစ်အပေါ် ဗဟန်းမြို့မရဲစခန်း(ပ)၄၃၈/၂၀၁၃၊
ပုဒ်မ ၃၉၄ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ဗဟန်းမြို့နယ်တွင် လုယက်မှုဖြစ်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin