လူလတ်တန်းစားအလစ်သမားများ အစားအသောက်ခိုးမှုများလာ

Ref: Daily Mail ၊ လန် ဒန် ၊ နိုဝင်ဘာ ၁၂

ဗြိတိန် နိုင်ငံရှိ ဈေးဝယ်စင်တာများတွင် လူလတ်တန်းစား အလစ်သုတ် သမားများ အများအပြားတို့သည် ၎င်းတို့၏လူနေမှုဘဝကို ထိန်းသိမ်း ရန် အလစ်သုတ်မှုများရှိလာသည်။ဈေးဝယ်စင်တာအများစု တွင် အစားအသောက်များခိုးယူ သော အလစ်သုတ်သမားများ အများ အပြားရှိသဖြင့် ကြက်ဆင်နှင့်အမဲ သားကဲ့သို့သော အစားအသောက် များကို ခိုးယူခြင်းမှကာကွယ်ပေး မည့် လျှပ်စစ်လုံခြုံရေးတံဆိပ် များ တပ်ဆင်ထားသည်။

ကမ္ဘာ့သူခိုး ခိုးယူမှုတိုင်းတာ ချက်အရ ခိုးယူခံရသောပစ္စည်း များတန်ဖိုးသည် မိသားစုတစ်စု လျှင် ပေါင်၃ဒသမ၄ဘီလီယံ သို့ မဟုတ် ပေါင်၁၂၄ဒသမ၆ဝအထိ ရှိခဲ့သည်။ အများဆုံးခိုးယူခြင်းခံ ရသော စားသောက်ကုန်များတွင် ဝက်သား၊ ကြက်သား၊ အမဲရိုး၊ ဝက်နံရိုး၊ ဒိန်ခဲများအပါအဝင် ကော်ဖီနှင့်ဝိုင်များကိုလည်း ခိုး ယူခဲ့ကြသည်။

''အစားအသောက်တွေ ခိုးတဲ့သူက ပိုများတယ်လို့ ကုန်စုံ ဆိုင်တွေကပြောတယ်။ လူတွေ က စားဝတ်နေရေးအခက်ကြုံလို့ ခိုးကြတယ်လို့ထင်ပါတယ်။ ဒါပေ မဲ့ အင်္ဂလန်လူလတ်တန်းစားလူ တချို့ကတော့ ဆုကြေးငွေလဲမရ၊ ဝင်ငွေလဲမကောင်းပေမယ့် သူတို့ ရဲ့ဘဝနေထိုင်မှုစတိုင်ကို ထိန်း သိမ်းလိုကြတယ်''ဟု သူခိုးဖမ်း ဆီးမှုတိုင်းတာချက် သတင်းအ ချက်အလက်စုဝေးသူ သုတေသီ က ပြောခဲ့သည်။

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ