ယူနိုက်တက် မန်နေဂျာ ဖြစ်ခဲ့ဖူးကြောင်း အဲရစ်ခ်ဆန် ထုတ်ဖော်ဝန်ခံ

တရုတ်ကလပ် ဂွမ်ဇူးကို လတ်တလော ကိုင်တွယ်နေသည့် ဆွီဒင်သား ဘောလုံးမန်နေဂျာက တစ်ချိန်က မိမိသည် ယူနိုက်တက် မန်နေဂျာအဖြစ် လက်မှတ်ရေးထိုးခဲ့ဖူးကြောင်း ကိုယ်ရေး အထုပ္ပတ္တိ စာအုပ်အတွင်း ထည့်သွင်းရေးသားခဲ့သည်။

မိမိသည် မန်ချက်စတာ ယူနိုက်တက် အသင်း၏ မန်နေဂျာ ဖြစ်ခဲ့ဖူးကြောင်း ဆဗန်ဂိုရန် အဲရစ်ခ်ဆန်က အံ့ဩဖွယ်ရာ ထုတ်ဖော် ဝန်ခံလိုက်သည်။ တရုတ်ကလပ် ဂွမ်ဇူးကို လတ်တလော ကိုင်တွယ်နေသည့် ဆွီဒင်သား ဘောလုံးမန်နေဂျာက တစ်ချိန်က မိမိသည် ယူနိုက်တက် မန်နေဂျာအဖြစ် လက်မှတ်ရေးထိုးခဲ့ဖူးကြောင်း ကိုယ်ရေး အထုပ္ပတ္တိ စာအုပ်အတွင်း ထည့်သွင်းရေးသားခဲ့သည်။ ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်သည် အသင်းကို (၂၆)နှစ်ကြာ ဦးဆောင်မှု ပေးခဲ့ပြီးနောက် ယခုနွေရာသီတွင် ရာထူးမှ အနားယူကာ ဒေးဗစ်မိုယက်စ် လက်ထဲသို့ အသင်းကို လွှဲအပ်ခဲ့သည်။ ဖာဂူဆန်သည် (၂၀၀၂)ခုနှစ်ကလည်း မန်နေဂျာ ရာထူးမှ တစ်ကြိမ်အနားယူရန် စီစဉ်ဖူးပြီး ထိုစဉ်က ၎င်းနေရာ ဆက်ခံရန် အဲရစ်ခ်ဆန်ကို ဆက်သွယ်ခဲ့ကြောင်း သိရသည်။

ထိုစဉ်က အဲရစ်ခ်ဆန်သည် အင်္ဂလန် လက်ရွေးစင် အသင်းကို ကိုင်တွယ်နေဆဲ ဖြစ်သည်။ ဖာဂူဆန်သည် အသင်းမှ အနားယူတော့မည်ဟု စဉ်းစားထားပြီးမှ ဆုံးဖြတ်ချက် ပြောင်းလဲကာ အသင်းကို ဆက်လက် ဦးဆောင်ခဲ့သည်။ အဲရစ်ခ်ဆန်၏ စာအုပ်ကို Daily Mailက ပြန်လည် ဖော်ပြခဲ့ရာ ၎င်းက ဖာဂူဆန် နေရာတွင် ဆက်ခံရန် အကြိုစာချုပ်ပင် ချုပ်ဆိုဖြစ်ခဲ့ကြောင်း ရေးသားထားသည်။ "ဒီကိစ္စက ရှုပ်ထွေးမယ်ဆိုတာ ကျွန်တော်သိပါတယ်။ အင်္ဂလန် အသင်းနဲ့ ကျွန်တော်က (၂၀၀၆)ခုနှစ်၊ ကမ္ဘာ့ဖလား အပြီးထိ စာချုပ်ရှိတယ်လေ။ ကျွန်တော့်ဘက်က ဒါကို ဖျက်သိမ်းရင် ပြင်းပြင်းထန်ထန် ဝေဖန်ခံရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ရလာမယ့် အခွင့်အရေးက မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ရာထူးလေ။ ကျွန်တော် စာချုပ်တစ်ခု လက်မှတ်ထိုးဖြစ်ခဲ့တယ်။ ကျွန်တော်ဟာ ယူနိုက်တက်ရဲ့ မန်နေဂျာသစ် ဖြစ်ခဲ့ဖူးတယ်"ဟု အဲရစ်ခ်ဆန်က ဖွင့်ဟ ဝန်ခံထားခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ