ဇီးကုန်း သကြားစက်အနီးတွင် တပ်မတော်သားတစ်ဦး၏ အလောင်းတွေ့ရှိ

ဇီးကုန်း၊ နိုဝင်ဘာ ၁၁

ကန့်ဘလူမြို့နယ် အတွင်းရှိ ဇီးကုန်း သကြားစက်အနီး လယ်ကွင်းထဲတွင် တပ်မတော်သားတစ်ဦး၏ အလောင်းကို နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ဇီးကုန်း ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ် ဝင်းမြင့်က ပြောကြားသည်။
“သေပြီး လေးငါးရက်လောက်မှ တွေ့တော့ အလောင်းက ပုပ်ပွတောင်နေပြီ၊ သယ်လို့မရတော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ သေဆုံးသူမှာ ဇီးကုန်း သကြားစက်အနီးရှိ ကြံစိုက်ပျိုးရေးတပ်မှ အသက် ၃၁ နှစ် အရွယ်ရှိသော တပ်သား ဖုန်းဝေဆိုသူ ဖြစ်ကြောင်း၊ ၎င်းအနီးအနား ပတ်ဝန်းကျင်ကို စုံစမ်းရာတွင် သေဆုံးသူမှာ အရက် အလွန်အကျွံ သောက်သုံးတတ်သူတစ်ဦး ဖြစ်ကြောင်း သိရပြီး သကြားစက်၏ အရှေ့ဘက် လယ်ကွင်း အတွင်းရှိ ရေထဲတွင် မျက်နှာမှောက်လျက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဇီးကုန်း ဒေသခံတစ်ဦးက ပြောကြားသည်။

မြို့နယ် ဆရာဝန်ကြီး အပါအဝင် ရပ်မိရပ်ဖ အစုံအလင်ဖြင့် အလောင်းကို စစ်ဆေး ကြည့်ရာတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်း၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်ကို သေမှုသေခင်း ၁၁/၂၀၁၃ဖြင် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ကန့်ဘလူမြို့နယ် ဇီးကုန်း ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ