ရန်ပုံငွေပွဲမှသတင်းများကို အန်နာဟက်သာဝေး၏ ကိုယ်စားလှယ် ငြင်းဆို

ကင်ဆာတိုက်ဖျက်ရေး ရန်ပုံငွေပွဲ တစ်ခုတွင် အန်နာကို ပရိသတ်များက နှုတ်ဆက်လိုသော်လည်း သူမက မိမိကို မည်သူမျှ စကားလာ မပြောကြအောင် စီစဉ်ထားပေးရန် ပွဲတာဝန်ရှိသူများကို ကြိုတင် ပြောဆိုခဲ့ကြောင်း သတင်းအချို့က ဖော်ပြခဲ့

ရန်ပုံငွေပွဲမှသတင်းများကို အန်နာဟက်သာဝေး၏ ကိုယ်စားလှယ် ငြင်းဆို
မကြာသေးမီက ရန်ပုံငွေပွဲ တစ်ခုတွင် ပရိသတ်များနှင့် စကားမပြောလိုကြောင်း တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များအပေါ် အန်နာဟက်သာဝေး၏ ကိုယ်စားလှယ်က ငြင်းဆိုခဲ့သည်။ ကင်ဆာတိုက်ဖျက်ရေး ရန်ပုံငွေပွဲ တစ်ခုတွင် အန်နာကို ပရိသတ်များက နှုတ်ဆက်လိုသော်လည်း သူမက မိမိကို မည်သူမျှ စကားလာမပြောကြအောင် စီစဉ်ထားပေးရန် ပွဲတာဝန်ရှိသူများကို ကြိုတင် ပြောဆိုခဲ့ကြောင်း သတင်းအချို့က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်လက ဆန်တာမော်နီကာရှိ ရန်ပုံငွေပွဲ တစ်ခုတွင် အသက်(၃၀) အရွယ်ရှိ Dark Knight Rises စတားက အစီအစဉ်မှူး တာဝန်ယူခဲ့ပြီး ယင်းအတွက် မည်သည့် ပရိသတ်မျှ မိမိကို တိုက်ရိုက် စကားမပြောစေရန် ကတိတောင်းထားကြောင်း သတင်းများနှင့် ပတ်သက်ပြီး ယခုအခါ အန်နာ၏ ကိုယ်ရေးအရာရှိက အကြွင်းမဲ့ ငြင်းချက်ထုတ်လိုက်သည်။

In Touchနှင့် အင်တာဗျူးတွင် ပွဲစီစဉ်သူများနှင့် နီးစပ်သူ တစ်ဦးက "လူတစ်ယောက်ချင်းစီမှာတော့ ကွဲပြားမှုတွေ ရှိမှာပဲ။ အန်နာရဲ့ တောင်းဆိုမှုကို လေးစားတဲ့အနေနဲ့ သူ့နေရာကို တသီးတခြား ဖန်တီးပေးခဲ့ပါတယ်။ အန်နာဟာ ဘယ်သူနဲ့မှ စကားမပြောချင်ဘဲ သီးသန့်ပဲ ထိုင်နေခဲ့တယ်"ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အန်နာ၏ အေးဂျင့်ဖြစ်သူ စတီဖန်ဟူဗာနီက "သတင်းတွေမှာ ဖော်ပြသမျှ (၁၀၀)ရာခိုင်နှုန်း မှားယွင်းပါတယ်။ ကျွန်တော်တို့ ဒီလို တောင်းဆိုမှု လုံးဝ မရှိခဲ့ပါဘူး။ အန်နာက ဒီပွဲမှာ ဝင်ကူညီခွင့်ရတာကို သိပ်ပျော်ရွှင်နေတာပါ။ သူ့ဖာသာ သီးခြားထိုင်နေခဲ့တယ် ဆိုတာက သိပ်ကို ပုဂ္ဂိုလ်ရေးဆန်တဲ့ အကြောင်းရင်း တစ်ခုရှိပါတယ်။ ဒါပေမဲ့ ဒီပွဲကို ဂုဏ်ပြုချင်တဲ့စိတ်နဲ့ အန်နာ တက်ခဲ့တာပါ"ဟု ဖြေရှင်းသွားခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ