နယူးဇီလန်တွင် လူငယ် မုဒိမ်းသမားအဖွဲ့ကို ရဲတပ်ဖွဲ့ ရှာဖွေနေ

နယူးဇီလန်တွင် လူငယ် မုဒိမ်းသမားအဖွဲ့ကို ရဲတပ်ဖွဲ့ ရှာဖွေနေ ဆယ်ကျော်သက် လူငယ်များ ဖွဲ့စည်းထားသည့် ယင်းရာဇဝတ်ဂိုဏ်းသည် Roast Bustersဟု မိမိတို့ကိုယ်ကိုယ် အမည်ပေးထားပြီး မိန်းကလေးငယ်များကို အရက်သောက်ရန် ဖြားယောင်းကာ အသိမဲ့နေချိန်တွင် အဖွဲ့လိုက် မုဒိမ်းကျင့်လေ့ရှိကြောင်း ရဲများက ပြောကြား

နယူးဇီလန် ရဲတပ်ဖွဲ့သည် အသက်မပြည့်သေးသည့် မိန်းကလေးများကို ပစ်မှတ်ထားနေသည့် လူငယ် မုဒိမ်းသမား အဖွဲ့တစ်ခုကို လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။ ဆယ်ကျော်သက် လူငယ်များ ဖွဲ့စည်းထားသည့် ယင်းရာဇဝတ်ဂိုဏ်းသည် Roast Bustersဟု မိမိတို့ကိုယ်ကိုယ် အမည်ပေးထားပြီး မိန်းကလေးငယ်များကို အရက်သောက်ရန် ဖြားယောင်းကာ အသိမဲ့နေချိန်တွင် အဖွဲ့လိုက် မုဒိမ်းကျင့်လေ့ရှိကြောင်း ရဲများက ပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့အကြောင်းကို ရဲများက သိရှိထားသည်မှာ (၂)နှစ်မျှ ရှိနေပြီဟု စွပ်စွဲမှုများလည်း ထွက်ပေါ်နေပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အရေးယူမှု၊ တရားစွဲဆိုမှုမျိုး မပြုလုပ်နိုင်သေးချေ။ ယင်းအဖွဲ့သည် မိမိတို့ မုဒိမ်းမှု ကျူးလွန်သည့် ဗီဒီယိုများကိုလည်း အင်တာနက်တွင် လွှင့်တင်လေ့ရှိသည်။

(၂၀၁၁)ခုနှစ်က နယူးဇီလန် ရဲတပ်ဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးငယ် တစ်ဦး၏ တိုင်ကြားမှုကို လက်ခံရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် အနည်းဆုံး မိန်းကလေး(၃)ဦးမျှက ယင်းအဖွဲ့အကြောင်း ရဲများထံ အသိပေးခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ ယခုအခါ ဝန်ကြီးချုပ် ဂျွန်ကီး ကိုယ်တိုင်က ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ မုဒိမ်းမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိဟု ဝေဖန်လာခဲ့ကြောင်း သိရသည်။ "ရဲတွေ အလုပ်မလုပ်ဘူးလို့ ကျွန်တော် မပြောလိုဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေရဲ့ တိုးတက်မှု အားနည်းပုံတွေကတော့ စိတ်ပျက်စရာပဲ"ဟု ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။ နယူးဇီလန် ရဲမင်းကြီး အန်နီတိုလီသည် ယခုအခါ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် ပွင့်လင်းစွာ မှတ်ချက်ပေးရန်လည်း တောင်းဆိုထားသည်။ သတင်းများအရ (၂၀၁၁)ခုနှစ်က ပထမဆုံး တိုင်ကြားခဲ့သည့် သားကောင် မိန်းကလေးသည် ယခုအခါ အသက်(၁၅)နှစ်သာ ရှိသေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ