စိတ်ဖောက်ပြန်သူက ဓားဖြင့်ခုတ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးသေဆုံး

မုံရွာ၊ နိုဝင်ဘာ ၁၉

ယခုလ ၁၇ရက် (တန်ဆောင်မုန်းလပြည့် နေ့) နံနက် ၁၁နာရီက စစ်ကိုင်းမြို့နယ် ငါးတ ရော်ကျေးရွာတွင်နေထိုင်သော စိတ်ဖောက်ပြန် သူတစ်ဦးသည် ကျေးရွာရှိဆရာတော်အား ဓားဖြင့်ခုတ်ရန်သွားစဉ် လမ်းတွင်တွေ့ရသော ကျေးရွာအုပ်ချုပ်ရေးမှူးအား ဓားဖြင့်ခုတ်ခဲ့
သောကြောင့် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဆရာတော်ကို ဓားဖြင့်ခုတ်ရန်သွားစဉ် တားဆီးသူများကိုစိတ်ဖောက်ပြန်
သူက ဓားဖြင့် လိုက်ခုတ်ရင်း လမ်းတွင်တွေ့ရသည့် အသက် (၃၈)နှစ်
အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို ခုတ် ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ဖောက်ပြန်သူအား စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ (ပ)အမှတ်၆၅၄/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မျိုးဝင်းထွန်း(မုံရွာ) - The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ