ဘက်တစ်နှင့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် မက်ဆီ

တနင်္ဂနွေနေ့က ဘက်တစ်နှင့် အဝေးကွင်းတွင် ကစားခဲ့သည့် လာလီဂါ ပွဲစဉ်တွင် ဘာစီလိုနာ ကစားသမား လီယွန်နယ် မက်ဆီမှာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနား ကစားသမားသည် လာလီဂါ အမှတ်ပေးဇယား အောက်ခြေမှ ဘက်တစ်နှင့် ယှဉ်ပြိုင်ကစားခဲသည့် ပွဲစဉ်တွင် ဂါရတ်ဒို မာတီနို၏ အားထားရသည့် ကစားသမား အနေဖြင့် ပါဝင်ခဲ့သော်လည်း ပွဲချိန် ၂၁ မိနစ်တွင် အင်ဒရီစ် အင်နီယေစတာနှင့် လူစားလဲခဲ့ရသည်။ အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာက နေမာ၊ ပက်ဒရိုနှင့် ဖာဘရီဂတ်စ် တို့၏ သွင်းဂိုးများဖြင့် ဘက်တစ်ကို အနိုင်ရရှိခဲ့သည်။

ပွဲအပြီးတွင် မက်ဆီသည် ၎င်း၏ ဘယ်ဘက်ခြေထောက်၌ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း အသင်းမှ အတည်ပြုခဲ့ပြီး အချိန်မည်မျှ အနားယူရမည်ကို မသိရှိသေးပေ။

တစ်ဆက်တည်းမှာပင် ဖာဘရီဂတ်စ်သည်လည်း ဒူးခေါင်း ဒဏ်ရာ ရရှိသွားခဲ့ကြောင်းနှင့် ၎င်း၏ ဒဏ်ရာကို စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဘာစီလိုနာ အသင်းမှ အတည်ပြုခဲ့သည်။

Ref:goal
Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ