မော်လိုက်မြို့နယ်တွင် သစ်ပင်ပိ၍ လူနှစ်ဦးသေဆုံး

နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ဇီးကုန်းကျေးရွာ၏ အနောက်ဘက်ရှိ သစ်တောအတွင်း၌ သစ်ပင်ခုတ်လှဲရာမှ သစ်ပင်ပိ၍ လူနှစ်ဦးသေဆုံးခဲ့ရကြောင်း တပ်ကုန်းကျေးရွာနေ ဦးစိန်နိုင်မှ ယခုလ ၉ ရက်နေ့ကအတည်ပြုပြောကြား လိုက်သည်။

အဆိုပါ သတင်းအား အတည်ပြုချက်ရယူနိုင်ရန်အတွက် မော်လိုက်မြို့မရဲစခန်းတွင် တာဝန်ကျ ဒုရဲအုပ် မင်းမင်းထွန်းနှင့် အဖွဲ့သည် သစ်ပင်ခုတ်လှဲရာ အရပ်သို့ သွားရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးမှလည်း အတည်ပြုပြောကြားခဲ့သည်။

သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သစ်ပင်ခုတ်လှဲရာတွင် သစ်ပင်ပိ၍ သေဆုံးသူ လူနှစ်ဦးမှာ ခမ်းပတ်မြို့နယ် ခွဲ၊ စွန်လပစ်ကျေးရွာနေ ကိုဌေးရွှင် အသက် (၂၃)နှစ်ဆိုသူနှင့် မောင်နိုင်မင်ထွေး အသက်( ၂၁)နှစ်ဆိုသူတို့ဖြစ်ကြောင်း သိရ သည်။

ထိုသူတို့သည် လွှဖြင့်ဖြတ်တောက်ထားသော သစ်ပင်အား ထောင်၍မစဉ် အရှိန်မထိန်နိုင်ဘဲ ပိ၍သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ သစ်ပင်ပိ၍ လူနှစ်ဦးသေဆုံးခဲ့ရခြင်းအား မော်လိုက်မြို့မရဲစခန်းမှ ယခုလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၃)နှင့် (၉/၂၀၁၃) တို့အရ အမှုရေးဖွင့်ခဲ့ပြီး ဒုရဲမှူး ကျော်ကျော်မှ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ