အရှေ့တောင်အာရှအားကစားပြိုင်ပွဲ Theme Song ရောင်စုံဥယျာဉ် ဖန်တီးရှင် လင်းထက်နှင့် တွေ့ဆုံခြင်း

၂၇ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲကြီးအတွက် အဓိကသီချင်း(Theme Song) ကို သီချင်းပုဒ်ရေ ပေါင်း ၃ဝဝကျော် အနက်မှ ရွေးချယ်ခဲ့ရာ ” ရောင်စုံဥ ယျာဉ်”ဆိုတဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းကို ပရိသတ်ဆန္ဒ၊ တေးသီချင်းစိစစ်ရွေးချယ် ဖန်တီးရေးကော်မတီတို့ရဲ့ အကဲဖြတ်ရွေးချယ်ပေးခဲ့မှု နဲ့ ပထမဆု ရရှိကာ ရွေးချယ် ခံခဲ့ရပါ တယ်။ မျိုးဆက်သစ် ဂီတဖန်တီးရှင် လင်းထက်ကို ဆီးဂိမ်းလှုံ့ဆော်ရေးသီချင်းပြိုင်ပွဲမှာ Theme Song အဖြစ် အရွေးချယ်ခံခဲ့ရတာတွေ အပြင် “ငြိမ်းချမ်းရေး” သံစဉ်သီချင်းတွေကိုလည်း ရေးစပ်ဖန်တီးထားတာမို့ နောက်ထပ် ဂီတဖန်တီးမှုတွေ ဘယ်ပုံဘယ်နည်းရှိလာနိုင်မယ့်အကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး – အရင်ဆုံးမေးချင်တာက ဆီးဂိမ်းလှုံ့ဆော်ရေးသီချင်း ပြိုင်ပွဲကိုဘယ်လိုဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့တာလဲ။

ဖြေ- ကျွန်တော်တကယ် တမ်းစတွေ့တာက ဂျာနယ်ထဲမှာ ကျွန်တော် စတွေ့တယ်။ အဲဒါကိုစတွေ့တုန်းက ဆီးဂိမ်း အကြိုလှုံ့ဆော်ရေးသီချင်း စပ်ဆိုပြိုင်ပွဲ ဆိုပြီး ခေါ် တယ်။ အဲဒီမှာ ဝင်ပြိုင်လိုက်တော့ ပထမရသွားတယ်။  အခု Theme Song အနေနဲ့ ရွေးချယ်ခံရတာကတော့ ဒုတိယအကြိမ်ဖြစ်သွားတာပေါ့။ ပထမအကြိမ် ဝင်ပြိုင် က တည်းက ဒီသီချင်းကို ရေးသားဖို့ရာမှာ ကျွန်တော့်အတွက် အချိန်က နှစ်ပတ်ပဲရတော့တယ်။ နှစ်ပတ်အတွင်း အကောင်းဆုံးနဲ့အကျစ်လျစ်ဆုံး စာသားထည့်လို့ရ တာတွေ ကို ချရေး တယ်။ ပြီးတော့မှ အကောင်းဆုံးကို ရွေးထုတ်ပြီးတော့ ဒီသံစဉ်လေးတွေ ဖြစ်လာတယ်။အဓိက ကျွန်တော်ပေးချင်တာက ဒီသီချင်းနဲ့ ကမ္ဘာကို ကျွန်တော် တို့ မြူးဇ စ်တွေ၊ ကျွန်တော်တို့ တူရိယာပစ္စည်းတွေ  ပြနိုင်မယ်လို့ ထင်တယ်။ အဲဒါကြောင့်မို့လို့ မြန်မာတူရိယာတွေနဲ့သုံးပြီးပေါင်းစပ်ခဲ့တယ်။မြန်မာတူရိယာတွေကို တအား သုံး ချင်တာ။ ပြီးတော့ ကိုဓိရာမိုရ်တို့ကို တအားသဘောကျတယ်။ ကိုယ်တိုင်ကလည်း မြန်မာတူရိယာတွေနဲ့ပတ်သက်ပြီးလုပ်ချင်တဲ့လွှမ်းမိုးမှုရှိတယ်။

မေး- ” ရောင်စုံဥ ယျာဉ်” သီချင်းကို ဆုရချင်တဲ့စိတ်နဲ့ ဝင်ပြိုင်ခဲ့တာလား။

ဖြေ- မမျှော်လင့်ထားဘူးဆိုတာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ မမျှော်လင့်ရဲတာ။ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ကြမယ်ဆိုတာကိုလည်း သိတယ်။ ပြီးတော့ ကျွန်တော့်ခံစားချက်က ဒီဟာကိုဝင်ပြိုင်ခွင့်ရတယ်ဆိုရင်ပဲ ကျေနပ်တယ်ကွာဆိုပြီးတော့ ဝင်ပြိုင်ခဲ့တာ။ ဝင်ပြိုင်လိုက်ပြီဆိုတာနဲ့ တိုင်းပြည်အတွက် ပူးပေါင်းမှုဖြစ် သွားပြီ။ ငါလုပ်နိုင်တဲ့အတိုင်းအတာအရ ဒီလောက်အထိ လုပ်နိုင်ခဲ့ပြီဆို တဲ့ စိတ်နဲ့ဝင်ပြိုင်ခဲ့တာ။ ဆုရအောင် ရည်ရွက်ချက်တစ်ခုနဲ့ ဝင်ပြိုင်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်ဆု ရတော့ တအားကို ပျော်တယ်။ ကိုယ်လုပ်နိုင် တဲ့ အတိုင်းအတာကို လုပ်ပေးခဲ့ တယ်လို့ပဲ ကျွန်တော် မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ရောင်စုံ ဥယျာဉ်” သီချင်းဟာ Theme Song ကြီးဖြစ်လာတာကို ယုံတောင် မယုံပါဘူး။ ကျွန်တော်အကောင်းဆုံး လုပ်ခဲ့တယ်။ အရိုးသားဆုံးလုပ်ခဲ့တယ်ဆိုတာကိုတော့ ကျွန်တော် ပြောချင်တယ်။ အဲဒါကြောင့် ရိုးသားတဲ့ အသီးအပွင့် တွေရိုးသားတဲ့အရာတွေ အကုန်လုံး ကကျွန်တော့်ဆီကို ပြန်ပြီးလာတယ်လို့ ပဲ မြင်ပါတယ်။

မေး- နောက်ပိုင်းမှာ လင်းထက်ကို ဘယ်လိုပုံစံသီချင်း ဖန်တီးမှုတွေနဲ့ ထပ်တွေ့လာရဖို့ ရှိနိုင်မလဲ။

ဖြေ- ကျွန်တော်ကတော့ အေးအေးချမ်းချမ်းနဲ့ သီချင်းလေးတွေကိုပဲ ရေးသွားမှာပါ။ အချစ်သီချင်းတွေလည်း ရေးပါတယ်။ အကျိုးပြုသီချင်းဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက် တာက အင်မတန်ကို လွှမ်းမိုးမှုရှိနေတယ်။ အဲဒီတွေကို သွားဖို့လည်း အစီအစဉ်ရှိတယ်။ ပြီးတော့ ကျွန်တော် လုပ်ချင်နေတာတစ်ခုရှိနေတယ်။ တိုင်းရင်းသား ရိုးရာတူရိယာ တစ်ခုချင်းစီကို သေချာ Result လုပ်ချင်နေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ တိုင်းရင်းသားရိုးရာ တူရိယာပစ္စည်းေ တွ ပျောက်ကွယ်သွားမှာကို ကျွန်တော်စိုးရိမ်ပါတယ်။ မြန် မာတူရိယာတွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းသလို၊ တိုင်းရင်းသားလူမျိုးစုတွေမှာရှိတဲ့၊ ပတ်သက်တဲ့ တူရိ ယာပစ္စည်းတွေ လိုက်ပြီးတော့ လေ့ လာချင်တယ်။ ပြီးတော့ အသေးစိတ် ကို သိချင်တယ်။ အဲဒီစိတ်ကူးကျွန် တော့်မှာ ရှိနေတယ်။ အခုလော လောဆယ်တော့ ဘတ်ဂျတ်မရှိသေး ဘူး။ အဲဒီအတွက် ဘာမှ မလုပ်နိုင်သေးနိုင်ဘူး။ ဒါပေမဲ့ လုပ်မယ်။ လုပ် ပြီးတော့ တစ်ချိန်ကျလို့ရှိရင် တကယ် ကောင်းမွန်တဲ့ တိုင်းရင်းသားပေါင်း စုံရဲ့တူရိယာတွေနဲ့ ပေါင်းပြီးေ တာ့ ပြည် ထောင် စုနဲ့ပတ်သက်တဲ့သီချင်းကြီး တစ်ပုဒ် လုပ်ဖို့ဆန္ဒရှိနေပါတယ်။

ထက်လူလူ - Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ