International Business Times က ရွေးချယ်သော ဘီကီနီဝတ်စုံဖြင့် အလှပဆုံး ပြိုင်ပွဲဝင်သုံးဦးတွင် မိုးစက်ဝိုင် ပါဝင်

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ရောက်ရှိနေသော နိုင်ငံပေါင်း ၈၉ နိုင်ငံမှ အလှမယ်များအနက် မြန်မာအလှမယ် မိုးစက်ဝိုင်သည် ဖိလစ်ပိုင်အလှမယ် Ariella Arida၊ အမေရိကန်အလှမယ် Erin Brady တို့နှင့်အတူ ဘီကီနီဝတ်စုံဖြင့် ကြည့်အကောင်းဆုံး ခန္ဓာကိုယ် ပိုင်ရှင်များအဖြစ် International Business Times ဝက်ဘ်ဆိုက်၏ ရွေးချယ်ခြင်း ခံရကြောင်း၊ ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မိုးစက်ဝိုင်သည် မြန်မာနိုင်ငံရှိ ကျန်းမာရေး လေ့ကျင့်ရေးစင်တာဖြစ်သော Real Fitness ရှိ သင်တန်းနည်းပြ တစ်ဦးထံမှ အကြဉာဏ်များ ရယူကာ၊ လှပသော ခန္ဓာကိုယ် အချိုးအစား ရရှိစေရန် လေ့ကျင့်ခဲ့ကြောင်း၊ ယင်းသို့ လေ့ကျင့်မှုများကို Miss Universe Myanmar ဆုကို ရရှိပြီးချိန်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်၍လည်း သူမခန္ဓာကိုယ်၏ အဓိကကျသော အစိတ်အပိုင်းများကိုလည်း အချိုးအစား ကျနစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Miss Universe ပြိုင်ပွဲဝင်များကို ဘီကီနီဝတ်စုံဖြင့် ယှဉ်ပြိုင်မှု၊ ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်မှု၊ အင်တာဗျူး အစီအစဉ်များပေါ်တွင် မူတည်၍ အကဲဖြတ် အမှတ်ပေးသွားမည် ဖြစ်ကြောင်း ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်ကို သွားရောက် အားပေးရန်အတွက် Miss Universe Myanmar ပြိုင်ပွဲမှ တာဝန်ရှိသူ အချို့နှင့်အတူ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရုရှားနိုင်ငံသို့ လိုက်ပါသွားမည် ဖြစ်ကြောင်း၊ မိုးစက်ဝိုင်၏ မြန်မာရိုးရာဝတ်စုံနှင့် ယှဉ်ပြိုင်မှုအတွက် မြန်မာ အမျိုးသမီးများ၏ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာနှင့် ဓလေ့ထုံးစံကို ဖော်ပြနိုင်ရန်အတွက် ရှေးခေတ် နန်းတွင်းတွင် မင်းသမီးများ ဝတ်ဆင်ကြ သည့် ဝတ်စုံကို ချုပ်လုပ်ဖန်တီး ပေးထားကြောင်း၊ ပိုးအစစ်ပေါ်တွင် ဒီဇိုင်းများကို လက်ဖြင့် အပင်ပန်းခံ ရေးဆွဲကာ အလှပဆုံး ဖန်တီးပေးထားကြောင်း မိတ်ကပ်နှင့်ဆံပင် ဒီဇိုင်းထူးချွန် ပညာရှင် (Best Make Up Asia Award) ဆုရှင် တိုးတိုးက ပြောကြားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ