စကားလက်ကို ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ် Esquire ရွေးချယ်

စကားလက် ဂျိုဟန်ဆန် အနေဖြင့် Esquire မဂ္ဂဇင်း၏ တစ်နှစ်တာအတွက် ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီးအဖြစ် ဒုတိယ အကြိမ်မြောက် ရွေးချယ်ခံ
လိုက်ရသည်။

ယင်းသည် Esquire မဂ္ဂဇင်း၏ သမိုင်းတစ်လျှောက် အဆိုပါ ဂုဏ်ပြုမှုအတွက် ပထမဆုံးအကြိမ်အဖြစ် ဒုတိယမြောက် ရွေးချယ်ခံရသူ အဖြစ်လည်း စကားလက်ကို မှတ်တမ်းဝင်စေခဲ့သည်။ Avengersစတား မင်းသမီးသည် လွန်ခဲ့သော (၇)နှစ်ကလည်း Esquire၏ ယခုဂုဏ်ပြု သတ်မှတ်ချက်တွင် အမည်ဖော်ပြ ခံခဲ့ရသည်။ (၂၀၁၃)ခုနှစ်အတွက် ရွေးချယ်မှုတွင်လည်း အသက်(၂၈)နှစ် ရှိပြီဖြစ်သော မင်းသမီးသာ ထိုက်တန်ကြောင်း မဂ္ဂဇင်း အယ်ဒီတာများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်ကမူ အဆိုပါ
ရွေးချယ်ဂုဏ်ပြုမှုကို မီလာကူးနစ်က ပိုင်ဆိုင်ခဲ့သည်။

သူမက Esquireနှင့် အင်တာဗျူးတွင် ယခုဂုဏ်ပြုမှုအတွက် ကျေနပ်
ပီတိဖြစ်မိကြောင်း ဝန်ခံခဲ့ပြီး "ကျွန်မနဲ့ ရွယ်တူတွေ တော်တော်များများ ကလေးအမေတွေ ဖြစ်ကုန်လို့ ခုလို ရွေးချယ်တာလည်း ဖြစ်နိုင်တယ်လေ"ဟု အရွှမ်းဖောက် ပြောဆိုခဲ့သေးသည်။ စကားလက်သည် နိုဝင်ဘာလထုတ် မဂ္ဂဇင်း၏ မျက်နှာဖုံးရှင် အဖြစ်လည်း ရွေးချယ်ဖော်ပြခြင်း ခံခဲ့ရသည်။ သူမသည် လတ်တလောတွင် ပြင်သစ် မီဒီယာသမားဟောင်း ရိုမိန်း ဒေါရီ
ရက်နှင့် စေ့စပ်ထားပြီး ပြင်သစ် တစ်ဦးကို လက်တွဲဖော်အဖြစ် ရွေးချယ်ခြင်း
ကြောင့် ဝေဖန်မှုအချို့ ကြုံခဲ့ရကြောင်းလည်း ဆိုသည်။

"နိုင်ငံသတ်မှတ်ချက် ကွာခြားသွားတဲ့ အခြေအနေမှာ မနာလိုစကားတချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်ကတော့ နည်းနည်း မနာလို ဖြစ်တတ်
တာကို သဘောကျတယ်လေ"ဟု စကားလက်က ရယ်ရယ်မောမော ပြောဆို
သွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ