သီတင်းကျွတ်လပြည့်ညမှာ ပရိသတ်ကို ထူးထူးခြားခြားဖျော်ဖြေမယ့် Bobby Soxer

ဓာတ်ပုံ-ကျော်ဇင်သန်း - 7Day Daily

ပွင့်လင်းရာသီသို့ ရောက်ရှိလာသည်နှင့်အမျှ နယ်ဖျော်ဖြေပွဲများ ဆက်တိုက်လက်ခံထားပြီး သီတင်းကျွတ်လပြည့်ည မျှော်စင်ကျွန်းဖျော်ဖြေပွဲတွင် ပရိသတ်များအတွက် ထူးခြားသည့်တင်ဆက်မှုများ ပြုလုပ်မည်ဟု Bobby Soxer (ထက်ထက်) က ပြောသည်။

““ဒုံးပျံခွေထွက်ပြီး ရှိုးဆိုတော့ ပရိသတ်အမြင်မှာ မတူအောင် ထူးထူးခြားခြားလုပ်ဖို့ အစီအစဉ်ရှိတယ်။ ကြိုတော့မပြောဘူး”” ဟု ၎င်းကပြောသည်။
နယ်ဖျော်ဖြေပွဲများလည်း ဆက်တိုက်လက်ခံထားပြီး တစ်ကိုယ်တော်ခွေအတွက် သီချင်းများ ရေးနေကြောင်း ၎င်းကဆိုသည်။
““ထက်ခွေမှာ ထက်ရေးတာတွေပဲ များမယ်။ ခုထိတော့ ရေးနေတုန်းပဲ”” ဟု ထက်ထက်က ပြောသည်။
စက်တင်ဘာလက အမျိုးသားစီမံခန့်ခွဲမှုကောလိပ်တွင် Business Management ဘာသာရပ်ဖြင့် နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုပြီးသောကြောင့် အနုပညာအလုပ်များကို ယခင်ထက်ပို၍ အချိန်ပေးနိုင်မည်ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၁၉ ရက်တွင် မျှော်စင်ကျွန်း၌ပြုလုပ်မည့် သီတင်းကျွတ်လပြည့်နေ့ ပျော်ပွဲရွှင်ပွဲကြီးတွင် ထက်ထက်နှင့်အတူ နာမည်ကြီးလူငယ်အဆိုရှင်များ ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း ပြောသည်။
အောက်တိုဘာ ၁၃ ရက် တွင် စတင်ဖြန့်ချိခဲ့သော ဒုံးပျံ ဒီဗီဒီခွေကိုလည်း တစ်ခွေလုံး အားရခဲ့ပြီး အားပေးသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ထက်ထက်က ပြောသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ