ဘေးလ်ကို သန်း ၁၀၀ ပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းခဲ့သည့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂရတ် ဘေးလ်ကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် သန်း တစ်ရာအထိ ပေးပြီး ကမ်းလှမ်းခဲ့ကြောင်း အင်္ဂလန်နည်းပြဟောင်း တစ်ဦး ဖြစ်သူ ဖေဘီယို ကာပယ်လိုက ထုတ်ဖော်ပြောကြားလိုက်သည်။

ဂရတ်ဘေးလ်ဟာ စပါးအသင်းမှ ရီးရဲမက်ဒရစ်အသင်းသို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ပြောင်းရွှေ့သွားခြင်း ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းထက် ပိုမိုသည့် ဈေးနှုန်းပေး၍ ကမ်းလှမ်းခဲ့သော်လည်း စပါးအသင်းက ရီးရဲမက်ဒရစ်အသင်းသို့သာ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ဘေးလ်၏ အပြောင်းအရွှေ့နှင့် ပါတ်သက်ပြီး ကာပယ်လိုက “ဘေးလ် လား၊ အဲဒီတုန်းက လေလံပွဲကြီး တစ်ခုလို ဖြစ်ခဲ့တာပါ။ ကျနော်သိတာကတော့ ရီးရဲမက်ဒရစ်အသင်းထက် ဈေးပိုပြီး ကမ်းလှမ်းခဲ့တဲ့ အသင်း တစ်သင်း ရှိခဲ့ပါတယ်။ ယူရို သန်း ၁၂၀ (ပေါင် သန်း ၁၀၀) လောက်ရှိပါတယ်။ ကျနော်ဒီလို ထုတ်ပြောနေမှတော့ ဘာမှ ပိုပြီး လျှို့ဝှက်ထားစရာ မရှိဘူး ထင်ပါတယ်။ အဲဒီလို ကမ်းလှမ်းခဲ့တာ မန်ချက်စတာယူနိုက်တက်ပါ။ ဒီနေရာမှာ စပါးအသင်းကို ချီးကျူးရမှာ ဖြစ်ပါတယ်။ သူတို့ သိပ်တော်ခဲ့ပါတယ်။” ဟု Corrierre della Sera သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
FOOTBALL CAFE

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ