ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးခန်းရှေ့မြတ်ခင်းပြင်တွင် ကလေးမွေးခဲ့ရ

မက္ကဆီကိုနိုင်ငံ အောက်စကာပြည်နယ်တွင် အမျိုးသမီး တစ်ဦးသည် မီးဖွားလိုသောကြောင့် ဆေးခန်းသွားပြရာ ဆေးခန်းမှ သူနာပြုဆရာမက ကိုယ်ဝန် ရှစ်လသာရှိသေးသောကြောင့် ကလေးမမွေးနိုင်သေးကြောင်း၊ ထို့ကြောင့် မွေးမပေးနိုင်ကြောင်း ပြောလွှတ်လိုက်လေသည်။

ထို့ကြောင့် ဆင်းရဲသား လင်မယားမှာ ဆေးခန်းမှ ထွက်လာခဲ့ရသည်။ ဆေးခန်းရှေ့မြတ်ခန်းပြင်အရောက်တွင်မူ ၂၉ နှစ်အရွယ် အမာလိုပတ်ဇ်သည် ရေမြွှာပေါက်သွားတော့သည်။ ပြီးနောက် ဆေးခန်း အနီးရှိ အဆောက်အအုံတစ်ခု၏ နံရံကို ဆုပ်ကိုင်ကာ သုံးဦးမြောက် ကလေးကို မွေးဖွားလိုက်တော့သည်။ နာလွန်းသောကြောင့် လိုပတ်ဇ်သည် မြတ်ခင်းပေါ်  ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ကလေးမှာ မြတ်ခင်းပြင်ပေါ် တုံးလုံးပတ်လက် ဖြစ်နေကာ အချင်းများမှာလည်း တန်းလန်းဖြစ်နေသည်။

ထိုအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသူက ထိုမြင်ကွင်းကို ဓါတ်ပုံရိုက်ကာ သတင်းဌာန တစ်ခုကို ထိုပုံပေးပို့လိုက်သောအခါ မက္ကဆီကိုတစ်လွှားရှိ ပြည်သူများ ဒေါသတကြီး ဖြစ်လေတော့သည်။ အဆိုပါ အဖြစ်အပျက်က မက္ကဆီကိုရှိ ဆင်းရဲသား မိခင်လောင်းများ ဘ၀ မည်မျှ ဆိုးရွားသည် ဆိုသည်ကို မီးမောင်းထိုးပြလျှက်ရှိသည်။

မက္ကဆီကိုမှ ရာပေါင်းများစွာသော  မိခင်လောင်းများသည် မီးတွင်းတွင် သို့မဟုတ် မီးဖွားပြီးပြီးချင်း အသက်ဆုံးရှုံးလျက်ရှိသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော အဆိုပါ အဖြစ်အပျက်ကြောင့် ထိုဆေးခန်းမှ ဒါ၇ိုက်တာဖြစ်သူ ဒေါက်တာအန်ဒရီယန်ခရုဇ်ကို အောက်တိုဘာလ ၉ ရက်နေ့တွင် ရာထူးမှ ဆိုင်းငံ့ထားလိုက်ပြီး ထိုအမှုကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ပြည်နယ်အစိုးရက ဆိုသည်။

                                                                                       (AP,10,10,13) ချယ်ရီ
                                                                                        ပြည်မြန်မာသတင်းစာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ