ဖူးစာရှင် ရှာဖွေပေးရေးကုမ္ပဏီကို အလုပ်အပ်သူ အယောက် ၅၀ ကျော်ပြီ

ဖူးစာရှင် ရှာဖွေပေးရေး “မြန်မာသူငယ်ချင်း ရှာဖွေသူ ကုမ္ပဏီလီမိတက်”ကို စက်တင်ဘာလဆန်းပိုင်းက စပြီး ဖွင့်လှစ်ခဲ့ရာမှာ ဖူးစာရှင်လိုချင်တဲ့ အလုပ်အပ်သူ အယောက် ၅၀ ကျော်ရှိသွားပြီလို့ ကုမ္ပဏီတာဝန်ရှိသူတယောက် ပြောတာကို ကိုးကားပြီး ဒီနေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှာ ဖော်ပြပါတယ်။

ကုမ္ပဏီကို ဖူးစာရှင်ရှာပေးဖို့ အလုပ်အပ်မယ်ဆိုရင် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်း မူရင်းနဲ့ မိဘအုပ်ထိန်းသူ ထောက်ခံချက် လိုမှာဖြစ်ပြီး အလုပ်အပ် ၀န်ဆောင်ခ ရက်ပေါင်း ၇၀ အတွက် ကျပ် ၅ သောင်းပေးရပါမယ်။

ကုမ္ပဏီရဲ့ ၀န်ဆောင်ပေးမှု အောင်မြင်လို့ လက်ထပ်ဖြစ်ကြမယ်ဆိုရင် တယောက်ကို နောက်ထပ် ကျပ် ၃ သိန်းစီ ပေးရမယ်လို့ ဖော်ပြထားပါတယ်။

ကုမ္ပဏီအနေနဲ့ ဥပဒေအရ လက်ထပ်ခွင့်ရှိသူတွေကိုပဲ ၀န်ဆောင်မှုပေးတယ်လို့ ဖော်ပြ ထားပါတယ်။

by ဒီဗွီဘီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ