ဖက်ရှင်သစ်ဖြင့် မြင်တွေ့ရသည့် အက်ဗရာလက်ဂ်ဗင်း

BelloMag၏ အောက်တိုဘာလ အထူးကဏ္ဍတွင် ကနေဒါ Punkဂီတ အဆိုတော်သည် ဆက်ထားသည့် ဆံပင်ပန်းရောင်၊ စီးနေကျ စကိတ်ရှူးဖိနပ်များ၊ အမြဲလိုလို ဝတ်ဆင်လျှက်သား တွေ့ရသည့် ဂျင်းဘောင်းဘီ ခပ်ကျပ်ကျပ်တို့ အားလုံးကို ဖယ်ရှားကာ ပိုမို၍ မိန်းကလေးဆန်ဆန် ပျော့ပြောင်းသော ပုံရိပ်မျိုးနှင့် ရှိနေသည်ကို တွေ့ရ

ပုံမှန်အားဖြင့် Gothic ဟန်ပန် လွှမ်းမိုးသည့် အနက်ရောင် ဖက်ရှင်များဖြင့်သာ အဓိက တွေ့ရလေ့ရှိသည့် အက်ဗရာ လက်ဂ်ဗင်းတစ်ယောက် ဝက်ဘ်ဆိုက် တစ်ခု၏ Feature ကဏ္ဍအတွက် ပုံစံပြောင်းကာ ဓာတ်ပုံများ ရိုက်ကူးပေးခဲ့သည်။ BelloMag၏ အောက်တိုဘာလ အထူးကဏ္ဍတွင် ကနေဒါ Punkဂီတ အဆိုတော်သည် ဆက်ထားသည့် ဆံပင်ပန်းရောင်၊ စီးနေကျ စကိတ်ရှူးဖိနပ်များ၊ အမြဲလိုလို ဝတ်ဆင်လျှက်သား တွေ့ရသည့် ဂျင်းဘောင်းဘီ ခပ်ကျပ်ကျပ်တို့ အားလုံးကို ဖယ်ရှားကာ ပိုမို၍ မိန်းကလေးဆန်ဆန် ပျော့ပြောင်းသော ပုံရိပ်မျိုးနှင့် ရှိနေသည်ကို တွေ့ရသည်။ အသက်(၂၉)နှစ်ရှိ အက်ဗရာသည် ပန်းရောင်အကွက်၊ အပြာရောင်အကွက် ဖက်ရှင်ဆန်းဆန်းလေးများကို ဝတ်ဆင်ကာ ဓာတ်ပုံများ အရိုက်ခံခဲ့သည်။

ဓာတ်ပုံရိုက်ချက်များအတွင်း အက်ဗရာ၏ ဆံပင်သည် ဟောလီးဝုဒ်၏ ကျက်သရေဆောင် ပုံရိပ်ထုံးဖွဲ့မှု တစ်ခုအသွင် ပြောင်းလဲထားသည်ကိုလည်း တွေ့ရသည်။ အက်ဗရာသည် လတ်တလောတွင် ချတ်ကရိုဂါနှင့် လက်ထပ်ထားပြီး Avril Lavigneဟု သူမအမည်အတိုင်း မှည့်ခေါ်ထားသည့် အယ်လ်ဘမ်သစ်အတွက် Promotion အစီအစဉ်များဖြင့် အလုပ်များနေသည်။ သူမနှင့် ကနေဒါ Rock ဂီတအဖွဲ့ Nicklebackမှ ဦးဆောင်အဆိုတော် ချတ်တို့သည် ယင်းအယ်လ်ဘမ်တွင် အလုပ်အတူတွဲလုပ်ရင်း တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အက်ဗရာက နိုဝင်ဘာလ (၁)ရက်နေ့တွင် ထုတ်ဝေမည့် အယ်လ်ဘမ်သစ်၌ ချတ်နှင့်အတူ ပူးပေါင်းသီဆိုထားသည့် Let Me Go သီချင်းနှင့် ပတ်သက်ပြီး "အဲဒီတုန်းက ပျော်စရာ သိပ်ကောင်းပါတယ်။ ကျွန်မက ချတ်နဲ့တွေ့ဖို့ နေ့တိုင်း အလုပ်သွားချင်နေခဲ့တာ။ အိပ်ရာထဲမှာ အချိန်ကုန်နေရတာကို စိတ်ပျက်မိခဲ့တယ်။ စတူဒီယိုကို မြန်မြန်သွားပြီး သူနဲ့ ဆုံချင်ခဲ့တာလေ"ဟု ပြောကြားခဲ့သည်။ Let Me Go သီချင်းကို အယ်လ်ဘမ်သစ် မထွက်ရှိမီ ယနေ့ကတည်းက စတင်ဖြန့်ချီမည် ဖြစ်သည်။ သူမက အယ်လ်ဘမ်သစ်ကို အမည်သီးခြား မသတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး "ကျွန်မ မျိုးစုံ စဉ်းစားတယ်။ သင့်တော်တဲ့ ခေါင်းစည်းတစ်ခုခု ရှာမတွေ့ခဲ့ဘူး။ အဆုံးမှာတော့ ခေါင်းစဉ်သက်သက် မပေးတော့ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်"ဟုလည်း ရှင်းပြသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ