မယူကမ်းတွင် သေနတ်ဖြင့် ပတ်ခတ်မူ ဖြစ်ပွား၍ နှစ်ဦး ဆေးရုံရောက်

အရေးအခင်း အတွင်း ဖမ်းဆီရမိသော ရခိုင်လုပ် ယမ်းထောင်း သေနတ်များ။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်းတွင် ရခိုင် အချင်းချင်း သေနတ်ပစ်ခတ်မူ ဖြစ်ပွား၍ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအပါအ၀င် နောက်ထပ် ကျေးရွာသား တစ်ဦးတို့ ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသွားသူမှာ ဆင်အိုးကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ဝင်းလိုင်နှင့် နောက်ကျေးရွာသား တစ်ဦးဖြစ်သူ ၀င်းနိုင် ဖြစ်ကြောင်း အခင်း ဖြစ်ပွားရာ ကျေးရွာနှင့် ကပ်ရပ် တည်ရှိသော နေဗီဆိပ် ရွာသူ အမျိုးသမီး တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်သူမှာ ကျွဲချေ (ခေါ်) မောင်စံထွန်း ဖြစ်ပြီး ဆင်အိုးကျေးရွာ အနီးရှိ ညောင်ပင်လှ ရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“ ဖြစ်တာက တနင်္ဂနွေနေ့ ညနေ ၉ နာရီမှာ ဖြစ်ကြတာပါ။ ဘာကြောင့် ဖြစ်တယ်ဆိုတာ ကျွန်မတို့ မပြောနိုင်ဘူး။ ဒဏ်ရာရတဲ့သူ နှစ်ဦးစလုံးကို ရသေ့တောင် မြို့နယ်ဆေးရုံကို ယူသွားရပါတယ်။ အခုကြားတာက အဲဒီ အထဲက တစ်ဦးက ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စစ်တွေ ဆေးရုံကို ယူသွားတယ်လို့ သိရပါတယ်” ဟု နေဗီဆိပ် ရွာသူ အမျိုးသမီးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်သူ ကျွဲချေမှာ ထွက်ပြေး တိမ်းရှောင်သွားသည်ဟု သိရသည်။

ရသေ့တောင်မြို့သို့ အခင်း ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက အခင်း ဖြစ်ပွားခြင်းမှာ မှန်ကန်ကြောင်းနှင့် ဆင်အိုးကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ဝင်းလိုင်မှာ ဒဏ်ရာ ပြင်းထန်သဖြင့် ရသေ့တောင်မှ တဆင့် စစ်တွေသို့ ယူဆောင်သွားရကြောင်း အတည်ပြု ပြောကြားသည်။

“ စစ်တွေကို ယူဆောင်သွားရပေမယ့် အသက်သေနိုင်လောက်ထိတော့ ဒဏ်ရာ မပြင်းထန်ဘူးလို့ သိရပါတယ်။ ဖြစ်တာကတော့ အရက်သောက်စား မူးယစ်ရာကနေ အရက် အတူ သောက်တဲ့ ယောက်ဖ ဖြစ်သူကို ကျွဲချေက ရိုက်ပုတ်ရာကနေ ကြားဝင် ဖျန်ဖြေပြီး ယောက်ဖ ဖြစ်သူကို ရွာကိုလိုက်ပို့လို့ အပြန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ နောက်ရွာသား တစ်ဦးကို ကျွဲချေက ယမ်းထောင်းသေနတ်နဲ့ ပစ်ခတ်တယ်လို့ သိရပါတယ်” ဟု ဦးလှမောင်သိန်းက သူကြားသိသမျှကို ကိုးကားပြီး နိရဉ္စရာသို့ ပြောကြားသည်။

ကျွဲချေမှာ ယခင်ကလည်း စေတီပြင် ကျေးရွာအနီးရှိ ခွဆုံကျေးရွာသား တစ်ဦးကို သတ်ဖြတ်မူဖြင့် ထောင်တစ်ကြိမ်ကျဖူးခဲ့သည်ဟု သိရသည်။

(နိရဉ္စရာ- ၂၃ အောက်တိုဘာ ၂၀၁၃)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ