တစ်နေ့တာလိုအပ်သော အာဟာရများ

(၁) ပိုတက်ဆီယမ်
တစ်နေ့တာလိုအပ်ချက်- ၄.၆ ဂရမ်
ငှက်ပျောသီးတစ်လုံးတွင် ပါဝင်သော ပိုတက်ဆီယမ် – ၀.၄ ဂရမ်
အကျိုးကျေးဇူး – သွေးပေါင်ပုံမှန်ဖြစ်စေရန် ထိန်းပေးသည်။ သားသမီး ထွန်းကားစေရန် အထောက်အကူဖြစ်စေပြီး ကြွက်သားနှင့် နဗ်ကြောစွမ်းရည်တိုးတက်စေသည်။
ငှက်ပျောသီး၊ နို့၊ အာလူး၊ ထောပတ်သီးတို့တွင် ပေါများစွာပါဝင် သည်။

(၂) မဂ္ဂနီဆီယမ်
တစ်နေ့တာလိုအပ်ချက် – ၄၀၀ မီလီ ဂရမ်
မက်မွန်သီး တစ်အောင်စတွင်ပါဝင်သော မဂ္ဂနီဆီယမ်ပမာဏ – ၈၀ မီလီဂရမ်
မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့ခြင်း သည် အရိုးပါးရောဂါ (osteoporosis) ၊ဆီးချိုရောဂါ၊ သွေးတိုးရော ဂါများ၊ ကြွက်တက်သည့်ပြဿနာ များနှင့် ဆက်စပ်လျက်ရှိသည်။ ဟင်းနုနွယ်၊ ပဲမျိုးစုံနှင့် အခွံမာသီးအစေ့ များတွင် ပေါများစွာပါဝင်သည်။

(၃) ဗိုက်တာမင်အေ
တစ်နေ့တာလိုအပ်ချက် – ၅၀၀ IU
မုန်လာဥနီဆယ်လုံးတွင် ပါဝင်သော ဗိုက်တာမင်အေပမာဏ – ၁၃၈၀၀ IU
အမြင်အာရုံ၊ ကိုယ်ခံအားနှင့် တစ်ရှူးကြီးထွားခြင်းကို အထောက်အပံ့ဖြစ်စေသည်။ အာလူး၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီများတွင် အဓိကပါဝင်သည်။

(၄) ကယ်လ်ဆီယမ်
တစ်နေ့တာလိုအပ်ချက် – ၁၀၀၀ မီလီဂရမ်
နို့ရှစ်အောင်စတွင် ပါဝင်သော ကယ်လ်ဆီယမ်ပမာဏ – ၂၉၉ မီလီဂရမ်
သွားနှင့်အရိုးများကိုခိုင်မာစေသည်။ ကြွက်သားလုပ်ငန်းကောင်းမွန်စေပြီး နှလုံးခုန်နှုန်းနှင့်သွေးဖိအားပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးသည်။ နို့ထွက်ပစ္စည်း၊ ဆာမွန်ငါး၊ ကိုက်လန် ရွက်၊ ပန်းဂေါ်ဖီတို့တွင် အဓိကပါဝင် သည်။

သီဟ
Source:WebMD
Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ