ရေနံချက်စက်ရုံအတွင်း လူတစ်ဦးရေနစ်သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၂။

သန်လျင်မြို့ဗိုလ်ချုပ်ကျေးရွာ၊ အမှတ် (၁) ရေနံချက်
စက်ရုံအတွင်း အလုပ်လုပ်ကိုင်သူတစ်ဦး ရေနစ်သေဆုံး
ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရသည်။

အဆိုပါ စက်ရုံအတွင်း ရေအသုံးပြုသော စက်ကန်အမှတ် ၂
အတွင်းပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပြီး ရေနစ်သူသည် အရက်အ
လွန်အကျွံ သောက်တတ်၍ စိတ်ကျန်းမာရေး မကောင်းသူ
တစ်ဦးဖြစ်ကြောင်း သန်လျင်မြို့ရဲစခန်းမှ
သိရသည်။

“ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဓမ္မတာအတိုင်း သေတာလား
ဒါမှမဟုတ် တစ်ဦးတစ်ယောက်ရဲ့ လုပ်ကြံမှုများကြောင့်
သေတာလားလို့ စစ်ဆေးနေ တယ်။ အခုလက်ရှိထူးခြားမှု
မရှိသေးပါဘူး” ဟု သန်လျင်မြို့နယ် ရဲစခန်းမှတာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

ယင်းအမှုအား သန်လျင်မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်
ဇော်မိုးမှ တရားလိုပြုလုပ်တိုင်တန်းမှုကို သေမှုသေခင်း
အမှတ်စဉ် ၃၆/၁၃ဖြင့် အမှု ဖွင့်ပြီင်္း အမှုစစ်ဒုရဲမှူး တင်လှ
(စစမ) မှ စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ မှူးရုံးမှ
သိရသည်။

ရေးသားသူ- အိအိအောင်
တည်းဖြတ်- နီတိုး

People power

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ