မြေသိမ်းခံရမှုများကြောင့်ဘရာဇီးဂွါရာနီမျိုးနွယ်စုများ ကမ္ဘာပေါ်တွင်သေကြောင်းကြံစည်မှုအမြင့်ဆုံးဖြစ်လာ

ရီယိုဒီဂျနေယိုး အောက်တိုဘာ ၁၃

ဘရာဇီးနိုင်ငံ(တောင်ပိုင်း)တွင် အဓိကမှီတင်းနေထိုင်သော ရက်ဒ်အင်ဒီး ယန်းနွယ်ဝင်များဖြစ်သည့် ဂွါရာနီမျိုးနွယ် စုများသည် မြေသိမ်းခံရမှုများကြောင့် ကမ္ဘာပေါ်တွင် သေကြောင်းကြံစည်မှု အမြင့်ဆုံးသူများဖြစ်လာကြောင်း အင်္ဂလန် နေ့စဉ်ထုတ်သတင်း စာတစ်စောင်ဖြစ်သော ဒေးလီးမေးလ်သတင်းစာက ယနေ့ဖော်ပြ သည်။

လက်ရှိအချိန်တွင် ဘရာဇီးနိုင်ငံ၌ လူဦးရေ ၄၆ဝဝဝ ခန့်သာရှိတော့သည့် ဂွါရာနီမျိုးနွယ်စုများ၏ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုပျမ်းမျှအခြေအနေ မှာ ၃၄ ရာခိုင်နှုန်းရှိပြီး ကမ္ဘာပေါ်တွင် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှု အမြင့်မားဆုံးဒေသဖြစ်နေသည်ဟု ဘရာဇီး ကျန်းမာရေးဌာနမှ ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ဂွါရာနီမျိုးနွယ်စုဝင်များသည် ရက်သတ္တ တစ်ပတ်လျှင်တစ်ဦးခန့် ကိုယ့်ကိုယ် ကိုယ်သေကြောင်းကြံစည်မှုပြုလုပ်နေသည့် အခြေအနေမျိုးရောက်နေပြီး ၂ဝ၁၂ ခုနှစ် အတွင်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ သည့် ဂွါရာနီမျိုးနွယ်စုဝင်အရေအတွက် မှာ ၅၆ ဦးရှိကြောင်း သိရသည်။

ဂွါရာနီလူမျိုးစုများသည် ၄င်းတို့ မိရိုးဖလာလုပ်ငန်းများဖြစ်သော စိုက်ပျိုး ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် မြေယာများကို ဘရာဇီးစီးပွားရေးလုပ်ငန်း ရှင်များက အတင်းအကျပ်သိမ်းယူခြင်း များပြုလုပ်လာပြီးနောက် ကိုယ့်ကိုယ် ကိုယ်သေကြောင်းကြံစည်မှုများ တိုးမြှင့် ပြုလုပ်လာခြင်းဖြစ်သည်ဟု သိရသည်။ ဘရာဇီးအစိုးရသည် ဂွါရာနီမျိုးနွယ်စုများ ၏ပြဿနာကိုဖြေရှင်းရန် နိုင်ငံတကာမှ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေးလီးမေးလ်ကဖော်ပြသည်။

MG(Ref: Daily Mail)

The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ