မောင်းနှင်နေသည့် ရထားပေါ်သို့ ပြေးတက်စဉ် ပြုတ်ကျ၍ ကြိတ်မိကာသေဆုံး

၁.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မလွှကုန်းဘူတာတွင် လူတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးလှဌေး(၄၇)နှစ်၊ (ဘ)ဦးတင်လှ သန်လျင်မြို့နယ်နေသူဖြစ်ပြီး လည်ပင်းပြတ်ကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၂၄၅အချိန်ခန့်က မလွှကုန်းဘူတာသို့ စပ္ပါယ်အမှတ် (၆) မြို့ပတ်ရထား၊ စက်ခေါင်းအမှတ် DF- 1230 မှာ မောင်းနှင်ဝင်ရောက်လာစဉ် ရထားပေါ်သို့ ပြေးတက်ရာမှ ပြုတ်ကျကာ ရထားကြိတ်မိသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၃၀/၂၀၁၃)ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ