လူတစ်ဦးကို တိုက်ခိုက်သွားသည့် ငါးမန်းကို ဩစတြေးလျ ကမ်းခြေစောင့် တပ် ရှာဖွေနေ

ဩစတြေးလျ ကမ်းခြေစောင့် တပ်ဖွဲ့သည် လူတစ်ဦးကို တိုက်ခိုက်သွားသည့် ငါးမန်းတစ်ကောင်အား သုတ်သင်ရှင်းလင်းရန် လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက်ပိုင်းက အက်စ်ပါရန်စီ ကမ်းခြေ အရှေ့ဘက် ကီလိုမီတာ (၁၈၀)မျှ အကွာတွင် ရေငုပ်သမား တစ်ဦးကို ငါးမန်းတစ်ကောင်
က ဝင်ရောက် ကိုက်ခဲသွားခဲ့သည်။

အသက်(၅၅)နှစ်ရှိ ကိပ်အေရစ်ဒ်သည် မုတ်ကောင်များကို ရေငုပ်ရှာဖွေနေစဉ် ငါးမန်းနှင့် တိုးခဲ့ခြင်း ဖြစ်သည်။ အေရစ်ဒ်၏ ဒဏ်ရာအခြေအနေကို တိတိကျကျ မသိရသေးသော်လည်း ပြင်းထန် ဆိုးရွားကြောင့် ယုံကြည်ရဖွယ် ရှိနေသည်။ ဩစတြေးလျ ငါးလုပ်ငန်း ဦးစီးဌာနက ယခုငါးမန်းကို ရှာဖွေနေပြီး ဖမ်းဆီးရန်ဖြစ်စေ၊ သတ်ဖြတ်ရန်ဖြစ်စေ အားထုတ်မည်ဟု
ပြောဆိုထားသည်။

လတ်တလောတွင် အခင်းဖြစ်ရာ ရေပြင်တစ်ဝိုက်၌ ငါးမန်းထောင်ချောက်များ တပ်ဆင်ရန် စီစဉ်နေသည်။

အေရစ်ဒ်ကို အခြား ရေလုပ်သားများက လှေတစ်စင်းပေါ်တင်ကာကမ်းခြေထိ
တင်ဆောင်လာပြီးနောက် အက်စ်ပါရန်စီ ဆေးရုံသို့ တင်ပို့ပေးခဲ့သည်။ ထို့နောက် ၎င်းကို တော်ဝင်ပါ့သ် ဆေးရုံသို့ ဆက်လက် လွှဲပေးခဲ့ကြောင်း သိရသည်။ "တာဝန်ရှိသူတွေ အနေနဲ့ ပတ်ဝန်းကျင် တစ်ဝိုက်မှာ ငါးမန်းထောင်ချောက်တွေ တပ်ဆင်ဖို့ကို အမြန်ဆုံး ဆောင်ရွက်နေပါ
တယ်"ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောဆို
သွားသည်။

ဩစတြေးလျ အနောက်ဘက် ကမ်းခြေ ဒေသတွင် ဖြစ်ပွားသော တိုက်ခိုက်
မှုမှ ငါးမန်းမျိုးစိတ်ကို တိတိကျကျ မသိရှိရသေးချေ။ ဩစတြေးလျ ကမ်းခြေစောင့် တပ်ဖွဲ့က အဆိုပါ ဧရိယာတွင် အရွယ်အစား ကြီးမားသော ငါးမန်းကြီးများကို မကြာခဏ တွေ့ရလေ့ရှိပြီး ရေငုပ်သမားများအတွက် အန္တရာယ်များကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့သည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ