ဒေါ်အောင်ဆန်းစုကြည် အပေါ် ရိုးသေလေးစားတဲ့စိတ် အမြဲရှိနေမှာပါ ဆိုသူ ချစ်သုဝေ

ဒေါ်အောင်ဆန်းစုကြည် အပေါ် ရိုးသေလေးစားတဲ့စိတ် အမြဲရှိနေမှာပါ
ဆိုသူ ချစ်သုဝေပရိသတ် အတွက် အနုပညာ လောကတွင် အဆိုတော် တစ်ယောက်၊ သရုပ်ဆောင် တစ်ယောက်သာမက လူမှုရေးပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ယောက်အဖြစ်ပါ အသိအမှတ်ပြု ခံထားရသူ အဆိုတော် သရုပ်ဆောင် ချစ်သုဝေနှင့် တွေ့ဆုံခိုက်. . .

လတ်တလော ထရီဇာရဲ့ အနုပညာလှုပ်ရှား မှုတွေကို မိတ်ဆက်ပေးပါဦး။

ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖြစ်နေတယ်၊ “ကမ္ဘာထက်လည်တဲ့ဂျင်” ဆိုတဲ့ကားကို ကိုပြေတီဦးနဲ့ ရိုက်နေတယ်၊ ဒါရိုက်တာကတော့ ညိုမင်းလွင်ပါ။

ဒီကားထဲက အစ်မရဲ့ဇာတ်ကောင်စရိုက်က။

ဒီကားထဲမှာ တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ လူလိမ်မအဖြစ် သရုပ်ဆောင် ထားတယ်။

ပရိသတ်ကို အစ်မချပြချင်တဲ့ ကာရိုက်တာလေးတွေရှိရင် ပြောပြပေး ပါဦး။

စိတဇ္ဖ လူသတ်သမား ပုံစံလေး သရုပ်ဆောင်ချင်တယ်။

လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ဖြစ်ပုံလေးကို ပြောပြပေးပါဦး။

လူမှုရေး ဆိုတာက အစ်မရဲ့ လုပ်ရပ်ကိုကြည့်ပြီး သတ်မှတ်ချင်သလို သတ်မှတ်လို့ ရတယ်။ လူသား အချင်းချင်းချင်း လိုအပ်တာတွေ Share ပေးတဲ့ သဘောပါ။ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်မှာရှိတဲ့ ငွေကြေး၊ ကာယလုပ်အား၊ ဥာဏ်လုပ်အားတွေ Share တာပါ။ ဒါကို ပရဟိတ လို့မြင်တယ်။ လာပြီး ကမ်းလှမ်းတယ်၊ ကိုယ်အားတဲ့ အချိန်ဆို ကူညီဖြစ်တယ်။

ပါတီကြီး တစ်ခုမှာ အနုပညာသမားတွေ ပါဝင်လာတဲ့ အပေါ် ဝေဖန်မှုတွေများ လာတယ်၊ အဲ့ဒီအပေါ်အစ်မရဲ့ အမြင်က။

ဒါကတော့ လူတိုင်းဟာ ရိုးသားပြီး ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို လိုတယ်၊ လူတစ်ယောက် အကြောင်း၊ စိတ်ဓာတ်တွေ မသိဘဲ ဝေဖန်
တာတွေကို ခေါင်းထဲတော့ မထည့်ဘူး၊ အရာတိုင်းက ကိုယ်ထားတဲ့ အတိုင်း ပြန်လာမှာပါပဲ၊ တန်ပြန်သက်ရောက်မှာပါ။

ဒေါ်အောင်ဆန်းစုကြည် အပေါ် အစ်မရဲ့ ခံစားချက်က။

အားမပေးခင်ထဲက အားပေး ခဲ့တယ်။ တစ်ခုပဲ နိုင်ငံရေး စိတ်ပါဝင်စား တာတွေဘာတွေ ဘာမှမဟုတ်ဘူး။ အန်တီစုကို ချစ်တယ်။ လေးစားတယ်၊ ယုံကြည်တယ်၊ အဲ့ဒီ အမျိုးသမီး အပေါ်ယုံကြည်၊ လေးစား၊ ချစ်ခင် တာတွေကြောင့် သူ့ဘက်မှာ ရှိနေမှာပါဘဲ။

ပရိသတ် အတွက် ထရီဇာရဲ့ စကားလက်ဆောင်က။

ပရိသတ်ကြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။

Venus News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ