ရုပ်ရှင်အစည်းအရုံးအား လက်ရွေးစင်ဟောင်းအနိုင်ယူ


(၂၇) ကြိမ်မြောက် ဆီးဂိမ်းအားကစား ပြိုင်ပွဲလှုံ့ဆော်မှုနှင့် (၉၃)ကြိမ် မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်း အမှတ်ဖြင့် အောက်တိုဘာ ၁၂ ရက်က မြန်မာ့လက်ရွေးစင်ဟောင်း ဘောလုံးအသင်းနှင့် ရုပ်ရှင်အ စည်းအရုံးအသင်းတို့ အောင်ဆန်း အားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်ဟောင်း အသင်းမှ ရုပ်ရှင်အစည်းအရုံး အသင်းအား အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့ လက်ရွေးစင်ဟောင်း အသင်းနှင့် မြန်မာ့ရုပ်ရှင်အစည်း အရုံးအသင်းကစားသမားများ၏ အား ကစားအဝတ်အစားများအား ACE Group မှ ဥက္ကဋ္ဌဦးဖြိုးကို ကိုတင့်ဆန်းက ထောက်ပံ့ပေးခဲ့ ခြင်းဖြစ်သည်။

ရုပ်ရှင် အစည်းအရုံးအသင်း မှ သရုပ်ဆောင်ပြေတီဦးက ''ဆီး ဂိမ်းပြိုင်ပွဲကြီးကိုလဲ ကြိုဆို၊ လှုံ့ ဆော်တဲ့အနေနဲ့ ကျင်းပဖြစ်တာ ပါ''ဟုပြောခဲ့သည်။

ယင်းအပြင် ဆီးဂိမ်းရန်ပုံငွေ အဖြစ် ရန်ကုန်လူရွှင်တော်အသင်း နှင့် မန္တလေးလူရွှင်တော်အသင်း တို့သည် အောက်တိုဘာနောက် ဆုံးပတ်တွင် အောင်ဆန်းအား ကစားကွင်း၌ ထပ်မံယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ