တိရစ္ဆာန်ငါးမျိုးမျက်နှာနှင့်ဆင်တူသော ၀က်တစ်ကောင်ပေါက်ဖွား

တိရစ္ဆာန်ငါးမျိုး၏မျက်နှာနှင့်တူသော ၀က်ကလေး ဓာတ်ပုံ - အောင်သစ်လွင် - 7Day Daily

စစ်ကိုင်းမြို့ မင်းကွန်း ဈေးဆိပ်ရွာတွင် ရွာသားတစ်ဦး မွေးမြူထားသည့် ၀က်မကြီးတစ်ကောင်မှ ကြံ့၊ ဆင်၊ မျောက်၊ ခွေး နှင့် ကြက် ပုံသဏ္ဌာန်မျက်နှာပါသော ၀က်တစ်ကောင် ပေါက်ဖွားခဲ့ကြောင်း သတင်းရရှိသည်။

မင်းကွန်းဈေးဆိပ်ရွာမှ ဒေသခံ ဦးသိန်းအောင်ဆိုသူ မွေးမြူထားသော ၀က်မကြီးမှ သားပေါက်ကိုးကောင်ပေါက်သည့်အနက် တစ်ကောင်မှာ ထူးခြားသောသွင်ပြင်လက္ခဏာဖြင့် ပေါက်ဖွားလာခြင်းဖြစ်ကြောင်း မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
““ဆွေမျိုးနီးစပ်ချင်း သားပြန်ဖောက်တဲ့အခါမှာ ဖြစ်လေ့ရှိတဲ့ လက္ခဏာတစ်ခုပါ။ ကျန်းမာသန်စွမ်းမှုမရှိဘဲ မကြာခင်သေဆုံးတတ်လို့ တစ်ပိုင်တစ်နိုင်မွေးမြူရေးသမားတွေအနေနဲ့ သားစပ်တဲ့အခါမှာ သတိထားသင့်တဲ့အချက်ပါ”” ဟု အဆိုပါ တိ-မွေး-ကု ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
အောက်တိုဘာ ၂ ရက် ည က မွေးသော ထိုဝက်ပေါက်လေးမှာ မျက်နှာပေါ်တွင် ဆင်နှာမောင်း၊ ကြံ့အစွယ်ကဲ့သို့ ချွန်သောအရာများရှိနေသောကြောင့် မိခင်ဝက်မကြီးထံမှ နို့စို့၍မရဘဲ နွားနို့ဝယ်၍ တိုက်ကျွေးနေရကြောင်း ပိုင်ရှင် ဦးသိန်းအောင်က ပြောသည်။ ယင်းသတ္တ၀ါလေးကို စိတ်ဝင်စားသူများပြားနေသောကြောင့် လူတစ်ဦးလျှင်နှစ်ရာကျပ် ကောက်ခံ၍ ပြသနေရကြောင်း ၎င်းကပြောသည်။

7Day Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ