ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် စပိန် အသင်းတွင် မီချူး ပါဝင် သင့်ဟု လော့ဒရပ် ထောက်ခံ

စပိန် လက်ရွေးစင် အသင်း၏ ကမ္ဘာ့ဖလားသို့ ချီတက်မည့် လူစာရင်း၌ မီချူး ပါဝင်သင့်ကြောင်း ဆွမ်ဆီး မန်နေဂျာ မိုက်ကယ် လော့ဒရပ်က ထောက်ခံ ပြောကြားလိုက်သည်။

အသက်(၂၇)နှစ်ရှိ မီချူးသည် ဒေးဗစ်ဗီလာ မကစား နိုင်ချိန်တွင် စပိန် အသင်း အတွက် ပထမဆုံး အကြိမ် ရွေးချယ် ခံရပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် ဘီလားရုစ်နှင့် ရင်ဆိုင်ရာတွင် ပါဝင်ခွင့် ရခဲ့သည်။ ကွင်းလယ်လူ အဖြစ်မှ တိုက်စစ်သို့ နေရာရွှေ့ ကစားခဲ့သည့် မီချူးသည် ရေယိုဗယ်လက်ကာနိုမှ ပြောင်းရွှေ့လာပြီး တစ်နှစ်ကျော်ကြာ ကာလအတွင်း ဆွမ်ဆီးအတွက် ဂိုးပေါင်း(၃၀) နီးပါးမျှ သွင်းယူထားပြီး ဖြစ်သည်။ ၎င်းအနေဖြင့် တိုက်စစ်မှူးကောင်းများ ပေါကြွယ်ဝသည့် စပိန် အသင်းတွင် ဆက်လက် ပါဝင်ရန် အခွင့်အလမ်း နည်းနေသည့်တိုင် ဒိန်းမတ်သား လော့ဒရပ်က ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မီချူး ပါဝင်ခွင့် ရသင့်ကြောင်း ထောက်ခံ အားပေးခဲ့ခြင်း ဖြစ်သည်။

လော့ဒရပ်က "မီချူးဟာ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ခွင့် ရထိုက်သူပါ။ ဒါကို သူဟာ အကြိမ်ကြိမ် သက်သေ ပြခဲ့ပြီးပါပြီ။ ဘောလုံးအသင်းတိုင်းမှာ မပါမဖြစ် ရွေးချယ်ရတဲ့ ကစားသမားမျိုးတွေ ဆိုတာ ရှိပါတယ်။ စပိန်နည်းပြ ဗင်းဆင့် ဒယ်လ်ဘော့စကေး အနေနဲ့ မီချူးရဲ့ အရေးပါမှုကို နားလည်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ စပိန်မှာ ဆာဂျီယိုရာမို့စ်၊ အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီဟာနန်ဒက်ဇ်တို့ဟာ သေချာပေါက် နေရာရမယ့် သူမျိုးတွေပါ။ ဒါပေမဲ့ နောက်ဆုံး အပြီးသတ် သုံးနေရာ၊ လေးနေရာလောက်က အကောင်းဆုံး ဖြစ်နိုင်မယ့် အဖြေကို ရှာဖွေပြီး လူရွေးချယ်ရမှာမျိုး ဖြစ်ပါတယ်"ဟု ဆိုသည်။

၎င်းက "တိုက်စစ်မှာ ရောဘတ်တို ဆိုလ်ဒါဒို၊ အယ်လ်ဗာရို နီဂရီဒို၊ မီချူး၊ ဖာနန်ဒိုတောရက်စ်နဲ့ ဒေးဗစ်ဗီလာတို့ ရှိနေတယ် ဆိုရင်တောင် မီချူးဟာ ဘယ်လို ကစားသမားကိုမဆို ယှဉ်နိုင်သူပါ။ ကျွန်တော်တို့ ပြောဆိုနေတဲ့ အကြောင်းအရာက မြင့်မားလွန်းမလား။ ဒါပေမဲ့ နည်းပြကတော့ လူမရွေးခင် လပိုင်းလောက်မှာ ကစားပြထားတဲ့ ခြေစွမ်းတွေကို အဓိက မူတည်ပြီး စဉ်းစားမယ် ထင်ပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ