၁၈ ပေရှည် ရှားပါးငါးကြီးတွေ့ရှိ

အမေရိကန်အနောက်တောင်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းရေပြင်မှာ ရေငုတ်နေတဲ့ အဏ္ဏ၀ါသိပ္ပံ ဆရာမတဦးဟာ ရှားပါးတဲ့ ကမ္ဘာ့အရှည်ဆုံး ရေနက်ပိုင်းမှာ ငါးကြီးတကောင်ရဲ့ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ပါတယ်။

Catalina ကျွန်း အဏ္ဏ၀ါသိပ္ပံက ဆရာမ Jasmine Santana ဟာ ရေအနက် ပေ ၃၀ လောက်မှာ အလျား ၁၈ ပေရှည်တဲ့ Oarfish ရဲ့ သေဆုံးနေတဲ့ ငွေရောင်ခန္ဓာကိုယ်ကို တွေ့ရှိခဲ့တာပါ။အဲ့ဒီငါးကြီးကို ကမ်းခြေရောက်ဖို့ လူပေါင်း ၁၅ ယောက်ကျော်နဲ့ ဆွဲယူခဲ့ရပါတယ်။

ပေ ၅၀ လောက်အထိ ရှည်နိုင်တဲ့ ဒီငါးကို တွေ့ရှိမှုဟာ တသက်မှာ တခါ ကြုံရတဲ့ ရှာဖွေ တွေ့ရှိမှုဖြစ်တယ်လို့ အဏ္ဏ၀ါသိပ္ပံ ၀န်ထမ်းတွေက ပြောပါတယ်။ Oarfish ငါးဟာ ရေအနက် ပေ ၃၀၀၀ လောက်မှာပဲ နေထိုင်တာမို့ ဒီငါးကို တွေ့ရဖို့ သိပ်ခက်ခဲပြီး သူ့အကြောင်း လေ့လာထားတာ မရှိသလောက်ပဲလို့လည်း Catalina အဏ္ဏ၀ါသိပ္ပံက ပြောပါတယ်။

ဒီငါးကြီးဟာ သဘာဝအလျောက် သေဆုံးသွားတာ ဖြစ်ပါတယ်။ ဒီငါးအသေကောင်ကို လာမယ့်သီတင်းပတ် အင်္ဂါနေ့အထိ သူတို့ကျောင်းမှာ ပြသထားမှာဖြစ်ပြီး သဲထဲမြှုပ်ပြီး အသားတွေ ပဲ့ကြွေသွားတဲ့အထိ ထိန်းသိမ်းရင်း အရိုးကို ပြန်ဆင်ပြီး ပြသမှာ ဖြစ်ပါတယ်

ဗွီအိုအေ (မြန်မာပိုင်း)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ