ပန်းလှိုင်ဂေါက်ကွင်းတွင် ဂျပန်နိုင်ငံသားတစ်ဦး ရုတ်တရက်လဲကျသေဆုံး

လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းတွင် ဂေါက်ရိုက်နေသည့် ဂျပန်နိုင်ငံသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်ကို နံနက် ၁၁ နာရီခန့်အချိန် မြို့နယ်ရဲတပ်ဖွဲ့စခန်းက သွားရောက်စစ်ဆေးခဲ့ကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

သေဆုံးသူမှာ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်း၊ ကံ့ကော်ကွန်ဒိုတွင် နေထိုင်သည့် Mr.Sadao Chigira (၆၄)နှစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုသည်။ ၎င်းသည် ဖူဂျီကူလာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ၏ အထွေထွေမန်နေဂျာတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

Mr.Sadao သည် ဂေါက်ရိုက်ကစားနေစဉ် ကျင်းအမှတ်(၆)အရောက်တွင် အသက်အရွယ်ကြီးရင့်ပြီး နေပူရှိန်ဒဏ်ကြောင့် ရုတ်တရက်
လဲကျသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အလောင်းကို စစ်ဆေးရာတွင်လည်း ပြင်ပဒဏ်ရာမတွေ့ရှိရသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာ ဆေးရုံက ပီအာရ် ၂၅ ဖြင့် လက်ခံစစ်ဆေးနေသည်။

ယင်းသေဆုံးမှုကို ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ် ဆက်လက်စစ်ဆေးပေးရန် ရဲအုပ်ဌေးဝင်းက တိုင်းတန်းသဖြင့် မြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေသည်ဟု ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ