ယူနိုက်တက်၏ ကွင်းလယ်ကစားပုံ နှေးကွေးလွန်းနေကြောင်း နဗီးလ်ဝေဖန်

အင်္ဂလန် ညာနောက်ခံ ကစားသမားဟောင်း နဗီးလ်က ကွင်းလယ်စုဖွဲ့မှု အပိုင်း၌ ပုံစံကောင်း ပျောက်နေသည်ကို ထောက်ပြခဲ့

ယူနိုက်တက်၏ ကွင်းလယ်ကစားပုံ နှေးကွေးလွန်းနေကြောင်း နဗီးလ်ဝေဖန်
မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကွင်းလယ် ကစားပုံသည် နှေးကွေးလွန်းနေကြောင်း အသင်း၏ ဂန္ထဝင် ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဝေဖန် ပြောကြားလိုက်သည်။ ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက် မန်နေဂျာသစ်အဖြစ် ဒေးဗစ်မိုယက်စ် ဆက်ခံခဲ့ပြီး ယူနိုက်တက်၏ ရလဒ်ပိုင်း ယိမ်းယိုင်နိမ့်ပါးလျှက်ရှိရာ အင်္ဂလန် ညာနောက်ခံ ကစားသမားဟောင်း နဗီးလ်က ကွင်းလယ်စုဖွဲ့မှု အပိုင်း၌ ပုံစံကောင်း ပျောက်နေသည်ကို ထောက်ပြခဲ့သည်။ ဘောလုံးသမား ဘဝမှ အနားယူပြီးနောက် Sky Sports၏ အားကစားရေးရာ အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ယူထားသည့် နဗီးလ်က ပရီးမီးယားလိဂ်တွင် (၈)ပွဲကစားပြီးနောက် (၃)ပွဲနိုင်၊ (၃)ပွဲရှုံးထားသည့် အသင်းအနေဖြင့် တစ်ဦးချင်း စွမ်းဆောင်ရည် ယခုထက် မြင့်တက်လာရန်လည်း လိုအပ်ကြောင်း သုံးသပ်ခဲ့သည်။


"မိုယက်စ်ဟာ ကစားသမား တစ်ယောက်ချင်းစီရဲ့ ကျရာတာဝန်ကို တိတိကျကျ သတ်မှတ်ပေးဖို့ လိုအပ်ချက်တွေ ရှိနေဆဲဆိုတဲ့ အရိပ်အယောင်မျိုး မြင်နေရပါတယ်"ဟု နဗီးလ်က ဆိုသည်။ ၎င်းက "အဓိက ပြဿနာ တစ်ရပ်က ပွဲတစ်ပွဲမှာ အသင်းရဲ့ ကွင်းလယ်က လိုအပ်တဲ့ အရှိန်အဟုန်မျိုး ဖန်တီးနိုင်လောက်အောင် မြန်နှုန်း လုံလုံလောက်လောက် မရှိတာပါပဲ။ ယူနိုက်တက်ဟာ တိုက်စစ်ဆင်နေချိန် မဟုတ်ရင်တောင် ပြိုင်ဘက်ကို တန်ပြန်ထိုးစစ်နဲ့ အမြဲတမ်း လွှမ်းမိုး ခြောက်လှန့်နေတဲ့ အသင်းမျိုးပါ။ ဒါပေမဲ့ လက်ရှိ အသင်းမှာတော့ ဒါမျိုး မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ကွင်းလယ်က နှေးနေတဲ့အတွက် ပြိုင်ဘက်ဟာ အနားရသွားပြီး တိုက်စစ်ကို တုံ့ပြန်ကစားဖို့ အမြဲတမ်း အချိန်ရသွားတတ်တယ်"ဟု ထောက်ပြခဲ့သည်။

နဗီးလ်က "ဒီအချက်က ပြိုင်ဘက်တွေဟာ တိုက်စစ်ကစားရင် ကစားသမား အရေအတွက်ကို လျှော့ချပြီး ယူနိုက်တက်ဘက် ရဲရဲရင့်ရင့်၊ ယုံကြည်မှုရှိရှိ ကစားရဲလာတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာဆိုရင် တော်တော် သိသာတယ်။ ပွဲအစ မိနစ်(၂၀)လောက်မှာ ဆောက်သမ်တန်ဟာ ယူနိုက်တက်ကို လုံးဝ မရှိန်ဘဲ တင်ကစားခဲ့တယ်။ မိုယက်စ်က အသင်းအတွက် အသင့်တော်ဆုံး မန်နေဂျာဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ကျွန်တော်တို့ဟာ နာကျင်စရာ ရလဒ်တချို့ကို ကုစားနိုင်ဖို့ အရေးတကြီး လိုအပ်လာပါပြီ"ဟုလည်း ဝေဖန်သွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ