စိုင်းစိုင်းခမ်းလှိုင်ပြောတဲ့ဂုဏ်ယူစရာမြန်မာနိုင်ငံသားတို့ ချမ်းသာမူ

စက်တင်ဘာနောက်ဆုံးအပတ်အတွင်းတရုတ်နိုင်ငံမှာ
ကျင်းပတဲ့ ရွှေကြက်ဖရုပ်ရှင်ပွဲတော် သို့ မြန်မာ့ရုပ်ရှင်ထူးချွန်
ဆု၃ဆုရ အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကားအတွက်
ဖိတ်ကြားခံရလို့ တက်ရောက်ခဲ့ကြတဲ့မြန်မာရုပ်ရှင်အနုပညာရှင်၊
အတက်ပညာရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့စိုင်းစိုင်းခမ်းလှိုင်က
 “တရုတ်ရုပ်ရှင်ပွဲတော်ကျင်းပရေးကော်မတီက လေယာဉ်
လက်မှတ်ဖိုး US. 4200$ ပြန်ပေးတယ်တကယ်တမ်း
ကျတာက2100$ညကဘာဖြစ်လို့ပေးမှန်းမသိဘူး။
မနက်ကျတော့ရှင်းပြပြီး ပြန်ပေးလိုက်တယ် ။သူတို့ကအံ့ဩတယ်
You Guys are really honest တဲ့ ။ဟုတ်ကဲ့ ကျနော်တို့မှာဒါတော့
ချမ်းသာတယ်”လို့ သူ့ ရဲ့ ဖေ့ဘုတ်စာမျက်နှာSai Sai Kham Leng မှာ
ယမန်နေ့ ကဆိုထားခဲ့တဲ့တာမို့ စိုင်းစိုင်းခမ်းလှိုင်ပရိသတ်နဲ့ အတူမြန်မာ
နိုင်ငံသားအများအတွက်ဂုဏ်ယူကြရပါတယ်။

ယင်းသို့  မြန်မာ့စိတ်ရင်းကိုရိုးသားစွာပြသခဲ့တဲ့စိုင်းစိုင်းခမ်းလှိုင်နဲ့ တကွ
ရွှေကြက်ဖရုပ်ရှင်ပွဲတော်ပြန်မြန်မာကိုယ်စားပြုရုပ်ရှင်အနုပညာ
ရှင်အဖွဲအတွက်ပေါ်ပြူလာဂျာနယ်မှအထူးဂုဏ်ယူရပါကြောင်း
ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။-

အယ်ဒီတာအဖွဲ့ 
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ