Pink ၏လက်မှတ်ကို ဆေးမင်ကြောင်အဖြစ် ပြောင်းလဲလိုက်သည့် ပရိသတ်

Pink ၏လက်မှတ်ကို ဆေးမင်ကြောင်အဖြစ် ပြောင်းလဲလိုက်သည့် ပရိသတ် Pink၏ ဩစတြေးလျ ပရိသတ် တစ်ဦးသည် သူမ၏ ဖျော်ဖြေပွဲ အစီအစဉ် တစ်ခုတွင် လက်မှတ်ထိုးပေးပါရန် လှမ်း၍ တောင်းဆိုခဲ့
Pink ကို အရူးအမူး နှစ်သက် စွဲလန်းသော ပရိသတ် တစ်ဦးသည် သူမ အမှတ်တရ ရေးထိုးပေးလိုက်သော လက်မှတ်ကို ဆေးမင်ကြောင်အဖြစ် အသွင်းပြောင်းလိုက်ကြောင်း သိရသည်။ Pink၏ ဩစတြေးလျ ပရိသတ် တစ်ဦးသည် သူမ၏ ဖျော်ဖြေပွဲ အစီအစဉ် တစ်ခုတွင် လက်မှတ်ထိုးပေးပါရန် လှမ်း၍ တောင်းဆိုခဲ့သည်။ ထို့ကြောင့် Pinkကလည်း ထိုပရိသတ်၏ လက်ကောက်ဝတ်ပေါ်တွင် သူမ၏ လက်မှတ်ကို ရေးထိုးပေးခဲ့ပြီး ယခုအခါ ထိုသူက လက်မှတ်ပေါ်မှ ထပ်၍ မင်ကြောင်ထိုးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် Pink၏ လက်မှတ်သည် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ထာဝရ စွဲထင်နေတော့မည် ဖြစ်သည်။ So Whatစတား အဆိုတော်သည် ထိုပရိသတ်က လက်ဆန့်တန်းပေးချိန်တွင် လက်မှတ်ထိုးပေးခဲ့ခြင်း ဖြစ်သည်။

အမည်မသိ ပရိသတ်က ၎င်း၏ ဆေးမင်ကြောင်သစ်ကို AustralianPinkFans၏ Twitter စာမျက်နှာတွင် ဓာတ်ပုံရိုက်ကူး ပြသခဲ့သည်။ ၎င်းက "ပါ့သ်မြို့မှာ ကျွန်တော့် အိပ်မက်တွေ တကယ်ဖြစ်လာစေတဲ့အတွက် ကျေးဇူးတင်ပါတယ် Pinkရေ။ ကျွန်တော့် ဆေးမင်ကြောင်ကိုတော့ အင်မတန် သဘောကျနေပြီ"ဟုလည်း ရေးသားထားခဲ့သည်။ Pinkကလည်း ယင်းကို အသိအမှတ်ပြု တုံ့ပြန်ခဲ့ပြီး ယင်းအတွက်လည်း အဆိုပါ ပရိသတ်က ပျော်ရွှင်နေသည်။ ၎င်းက "Pinkက ကျွန်တော့်ကို စာပြန်ရေးတယ်။ ဘုရားရေ၊ ဘုရားရေ။ ဒီညတော့ အိပ်မက်တွေ လှတော့မယ်"ဟုလည်း ဆက်လက် ရေးသားခဲ့သည်။

ဩစတြေးလျသူ ဆိုဖီယာက "ဒီကောင်လေးတော့ လက်တောင် ဆေးတော့မယ် မထင်ဘူး။ Pinkရေ၊ ရှင်ကတော့ အားလုံးအတွက် စံနမူနာ ယူစရာ အမျိုးသမီးပဲ"ဟု ကျီစယ်ခဲ့ရာ ထိုအမျိုးသား ပရိသတ်က စိတ်ကူးပေါက်ပြီး လုံးဝ မပျက်စေရန် လက်မှတ်ကို ဆေးမင်ကြောင် ထိုးခဲ့ခြင်း ဖြစ်သည်။ Pink သည် လတ်တလောတွင် The Truth About Love ဖျော်ဖြေရေး အစီအစဉ်အတွက် ဩစတြေးလျသို့ ရောက်ရှိနေကြောင်း သိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ