စိတ်အေးချမ်းမှုကို ဦးစားပေးထားတဲ့ Lလွန်းဝါရဲ့ အခွေသစ်

Lလွန်းဝါက အခုလတ်တလော မှာတော့ ACE Company ရဲ့ SMP Music Production မှ ထုတ်လုပ် ဖြန့်ချိမယ့် ယောက်ျားလေး အဆို တော်တွေကြီးပဲ ပါဝင် သီဆိုထားကြ တဲ့ အခွေအတွက် လုပ်ဆောင်ပေး နေပါတယ်။ အခွေမှာ Lလွန်းဝါ အပါအဝင် ယောက်ျားလေး အဆို တော် ၁၃ယောက်ကျော် ပါဝင်မှာဖြစ်ပါ တယ်။

Lလွန်းဝါမှာ နောက်ထပ် တစ်ကိုယ်တော အခွေ၂ခွေ လည်းရှိ ပါသေးတယ်။ တစ်ခွေက ဓမ္မတေး သီချင်းဖြစ်ပြီး နောက် တစ်ခွေက တော့ IC နဲ့ တီးထား တဲ့ အခွေပဲ ဖြစ် ပါတယ်။ IC နဲ့လုပ်နေတဲ့ အခွေကတော့ Mixing ပိုင်းပဲ ကျန်တော့မှာ ဖြစ်ပေမယ့် ဓမ္မတေးသီချင်းခွေကို ပဲ အရင်ထွက်ဖြစ် မှာ ဖြစ်ကြောင်း Lလွန်းဝါက ပြောပါတယ်။

"စိတ် အေးချမ်းမှုကို ဦးတည်တဲ့ အခွေပါ။ ကျွန်တော့် သီချင်းတွေက လူတွေ အကြောင်းဆိုထားတာ များပါတယ်။ အတ္တတွေ၊ ဒေါသတွေ ဖုံးလွှမ်းနေ တာမျိုး ကင်းဝေးကြ ပါစေပေါ့။ ဘုရား၊ တရားလို့ ပြောပြီး တရားမရှိတဲ့ လူ တွေ အကြောင်းပါ။ လူတွေရဲ့ အပြုအမူ စရိုက်တွေ အကြောင်း၊ ရှေ့မှာ တစ်မျိုး၊ နောက်မှာ တစ်မျိုးလုပ်တဲ့ သူတွေ အကြောင်းကို ဆိုထားတာများ ပါတယ်။ ကျွန်တော့်ကို Chruch တွေက သီချင်းတွေ လာအပ်ကြ တယ်။ ကိုယ့် သီချင်းတွေက သူတို့ Chruch့  မှာ ကြိုက်ကြတယ် ဆိုရင် အဲ့ဒီ သီချင်းတွေ ကို မှတ်ထားလိုက် တယ်။ မှတ်ထားပြီး ဒီသီချင်းတွေကို အကုန်လုံး ပြုစုပြီးတော့ Selection အနေနဲ့ ပြန်ထုတ်တာပါ။ သီချင်း အားလုံးကို ကိုယ်တိုင် အစအဆုံး ပြန် တီးထားတယ်။ သီချင်းက ၁ဝပုဒ်ထဲ ပါ။ ကျွန်တော် ထုတ်မှာပါ။ ဗီစီဒီ အနေနဲ့ပဲ ထွက်ဖြစ်မယ်"လို့ ပြော ပါတယ်။

Lလွန်းဝါက အခုလတ် လောမှာတော့ သီချင်းတွေ ရေးဖြစ် နေပြီး နောက်ပိုင်း မှာတော့ ကိုယ် တိုင် ရေး၊ဆို၊တီး သီချင်းမျိုးတွေ လည်း ထွက်လာဖို့ ရှိတယ်လို့ ဆို ပါတယ်။ တစ်ကိုယ်တော် အခွေ မထွက်တာ ကြာပြီဖြစ်တဲ့ သူ့ကို ပရိသတ်တွေက အခွေ မထွက်သေးဘူးလားလို့ မေးကြတဲ့ အတွက် ပီတိဖြစ်ရကြောင်း ကိုလည်း Lလွန်းဝါက ....

"လမ်းမှာ တွေ့ကြတဲ့ ပရိသတ်တွေ က မေး ကြတယ်။ ကို Lလွန်းဝါကြီး မလုပ် တော့ဘူးလားပေါ့။ လုပ်မှာပါ။ အေး ဆေးပေါ့လို့ ပြန်ဖြေရတယ်။ ကျွန်တော်တို့က အစ်ကို့ သီချင်း အေးအေးလေးတွေကို မျှော်နေကြ တာတဲ့။ ကျွန်တော်ကမပျင်းဘူးလား လို့မေးတော့ မပျင်းပါဘူးတဲ့။ ပရိသတ်တွေဆီကနေ အဲဒီလိုစကားမျိုး ကြားရတဲ့အတွက် ဝမ်းသာရတယ်။ အခု သီချင်းတွေ နားထောင်ရတော့ မှာပါ"လို့ ပရိသတ်တွေအတွက် သတင်းပေးခဲ့ပါတယ်။

လင်းအက္ခရာ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ