iPhone 5S နဲ့ 5C ဘာရွေးမလဲ

မနေ့ညက Apple တို့ ဘာလင်မှာ တရားဝင် မိတ်ဆက်ပြသ ပြီးသွားပါပြီ။ အလူမီနီယံ iPhone စီးရီးထဲက နောက်ဆုံးထွက် iPhone 5S နဲ့အတူ ပလပ်စတစ်ကိုယ်ထည်နဲ့ ပထမဆုံးမျိုးဆက် iPhone 5C ကိုလည်း မိတ်ဆက် ခဲ့ပါတယ်။

iPhone 5S

ကမ္ဘာ့ ပထမဆုံး A7 64 bit Smarphone လို့ ဆိုပါတယ်။ ကင်မရာ ကတော့ 8 Megapixel ပဲ ပါဝင်ပါတယ်။ ရှေ့ မှာတော့ iSight ကင်မရာ 2.2 MP ပါ။ ၄ လက်မ အရွယ် Retina Display ဖြစ်ပြီး iPhone 5 နဲ့ ပုံဏ္ဍာန် အားဖြင့် မထူးမခြားနားပါပဲ။ သို့ပေမယ့် ရွေးစရာ အရောင် သုံးခု ဖြစ်လာ ပါတယ်။ ခဲရောင်၊ မီးခိုးရောင်နဲ့ ရွှေရောင် ဖြစ်ပါတယ်။ ရွှေရောင်က ပိုမို လူကြိုက်များမှာပါ။ iOS 7 ထည့်သွင်း ပေးထားပါတယ်။ လက်ဗေ စစ်ဆေး လုံခြုံရေး စနစ် ပါဝင် လာပါတယ်။ 16GB, 32GB, 64GB unlocked ဗားရှင်းတွေကို 649 ,749, 849 ဒေါ်လာ အသီးသီးနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

iPhone 5C

ပလပ်စတစ် ကိုယ်ထည်ဆိုပေမယ့် ပိုလီကာဘွန်နိုက်သားနဲ့ ပြုလုပ်ထားပါ။ အပူဒဏ်ခံနိုင်ရည် ရှိပြီး အကြမ်းခံလည်း ခံတဲ့ ကာဗာ ဖြစ်ပါတယ်။ A6 Chip ကိုပဲ အသုံးပြု ထားပါတယ်။ ၄ လက်မ Retina Display ပါပဲ။ လက်ဗွေ စစ်ဆေး လုံခြုံရေး စနစ် လည်း ပါဝင်တာမို့ ၂၀၁၂ က ထွက်တဲ့ iPhone 5 ထပ် ဒီနေရာမှာ သာသွားပါပြီ။ အရောင် ငါးမျိုးနဲ့ ထုတ်ထားပါတယ်။ အစိမ်းရောင်၊ မီးခိုးရောင်၊ ပြာနုရောင်၊ အနီနုရောင်၊ အဝါရောင် ဆိုပြီး ထုတ်လုပ်ထားတာပါ။ 16GB နဲ့ 32 GB ပဲ ထုတ်လုပ် ထားပါသေးတယ်။ ဈေးနှုန်းကတော့ ၅၄၉ ဒေါ်လာနဲ့ ၆၄၉ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ ဒီတော့ ဈေးသက်သာဖုန်းလို့ ပြောလို့ မရတော့ ပါဘူး။ ဈေးကြီးဖုန်း အမျိုးအစားပါပဲ။

ဘယ်ဟာ ရွေးမလဲ

ဈေးကတော့ ဒေါ်လာ ၁၀၀ ပဲကွာမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ၇ သိန်းလောက်တတ်နိုင်ရင် iPhone 5C မှာဆိုရင် 32 GB ရနိုင်ပြီး iPhone 5S မှာဆိုရင် 16 GB ဗားရှင်း ရနိုင်မှာ ဖြစ်ပါတယ်။ iPhone 5 ထပ် ဘာတွေထူးသလဲမေးရင် Chipset ပိုကောင်းလာမှု၊ Finger print ပါဝင်မှု နဲ့ ရွှေရောင် ပါဝင်ထွက်ရှိလာမှုတို့လောက်ပဲ အပေါ်ယံမှာ မြင်ရ ပါတယ်။ ဒီဇိုင်းက ထူးခြားမသွားပါဘူး။ သို့ပေမယ့် လုပ်ဆောင်ချက် မြန်ဆန်တဲ့ ဖုန်းဖြစ်လာမှာပါ။ အော်ဒါမှာယူမှုကို စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ လက်ခံပြီ ဖြစ်ကြောင်း သိရပါတယ်။
.
www.apple.com
International news for myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ