"ကျွန်မ မိန်းမဆိုးလေးဖြစ်အောင်မနေထိုင်ခဲ့ပါဘူးလို့ပြောလာပြန်တဲ့ C1 (2ne1)"

2NE1 ရဲ့ခေါင်းဆောင် ရက်(ပ်)စာသားတွေကို မန်ပါပါနဲ့ရွတ်ဆိုတတ်တဲ့ CL သည် ခေတ်သစ်မိန်းကလေးတွေ အတွက်တော့ သူရဲကောင်းမလေးပါပဲ။ “I Love You”, “Lonely”, “Wonder Girls”တို့ သီချင်းတွေနဲ့နာမည်ကျော်ကြားလာခဲ့တဲ့ 2NE1 သည် “Girls Generation”, “Wonder Girls” တို့လောက်မနူးညံ့ပေမဲ့ ဆန်းသစ်တဲ့ဂီတ၊ ဆန်းသစ်ပြီး ဖက်ရှင်ကျတဲ့ဝတ်စားဆင်ယင်မှုတွေကြောင့် လူငယ်တွေရဲစံပြဖြစ်လာခဲ့ပါသည်။ ‘ဒီတစ်ပတ်တော့ 2NE1 အဖွဲ့ဝင် C1 ရဲ့ သီးသန့်အင်တာဗျူးလေးကို 2NE1 ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါသည်။

Q - 2NE1 နဲ့ ပတ်သက်ပြီး အခုတလော အနှစ်သက်ဆုံးက ဘာတွေလဲ။
A - ကျွန်မ တိတိကျကျတော့ ပြောပြလို့မရဘူး။ အဲဒီလိုရွေးပြီးပြောဖို့တော့အတော်ခက်တယ်။ ကျွန်မအဖွဲ့ ဝင်တွေနဲ့အတူ တကမ္ဘာလုံးမှာရှိတဲ့ပရိသတ်တွေနဲ့ တွေ့ဆုံရတာကိုနှစ်သက်တယ်။ ကျွန်မတို့ ဒုတိယမြောက် လှည့်လည်ဖျော်ဖြေရေးခရီးစဉ်ရဲ့အစကို ဆိုး(လ်)မှာပြုလုပ်ခဲံ့တယ်။ စတိတ်ပေါ်ကနေပရိသတ်တွေနဲ့ထိတွေ့ခွင့် ရခဲ့တယ်။ “ကောင်းပြီ၊စပြီနော်” အဲဒီလိုပြောလိုက်တာနဲ့ကျွန်မကတော့လိပ်ပြာလေးတစ်ကောင်ဖြစ်သွားတယ်လိုခံစားရ တယ်။ ဖျော်ဖြေခရီးစဉ်စတင်လိုက်တဲ့အခိုက်အတန့်လေးကတော့ ကျွန်မအတွက်အကောင်းဆုံးပဲ။

Q - 2NE1 ရဲ့ အယ်(လ်)ဘမ်အသစ်ရဲ့ အခြေအနေကဘယ်လိုလဲ။
A - ကျွန်မတို့စီစဉ်နေတုန်းပါပဲ။ ကျွန်မတို့ မြူးဇစ်ဗီဒီယိုတစ်ခုတော့ရိုက်ပြီးသွားပြီ။ ဒါပေမဲ့ ‘ဒီတစ်နှစ် ခွဲအတွင်းမှာတော့ အယ်(လ်)ဘမ်အဖြစ်ထုတ်နိုင်မှာမဟုတ်သေးဘူး။ ကျွန်မတို့အပြင်းအထန်ကြိုးစားနေပါတယ်။ အကောင်းဆုံးဖြစ်ဖို့လေ။

Q - ရှင်အကြိုက်ဆုံးသီချင်းတွေရှိသလား။
A - ရှိပါတယ်။ ဒါပေမဲ့သီချင်းနာမည်တော့ ပြောလို့မရဘူး။ ဒါပေမဲ့သီချင်းအေးအေးလေးတွေပါပဲ။ အရမ်း ခံစားချက်တွေပါတယ်။ “Lonely” နဲ့တော့ကွဲပြားခြားနားပါတယ်။ တခြားသီးချင်းအေးအေးလေးတွေကိုလဲ ဆိုထားပါသေးတယ်။ ကျွန်မတို့တစ်စုံတစ်ဦးကို လွမ်းနေရင် ကျွန်မတို့ဒီသီချင်းလေးက ဆက်သွယ်ပေးဖို့ လွယ်ကူပါတယ်။ ကျွန်မတို့လဲ ကျွန်မရဲ့ပရိသတ်ကိုလွမ်းနေကြပါတယ်။ စတိတ်စင်ကိုလဲ လွမ်းနေပါတယ်။

Q - လူငယ်ကြိုက်အနုပညာရှင်တွေရဲ့မိဘတွေက သူတို့သားသမီးတွေဒီလုပ်ငန်းလုပ်ကိုင်ကြတာကို အားမ ပေးကြဘူး။ ဒါကြောင့်တချို့ဆိုရင် မိဘတွေနဲ့အဆက်အသွယ်ပြတ်သွားကြရတယ်။ ရှင်ဖခင်ကတော့ အဲဒီလို မဟုတ်ဘူးနော်။ လူသိရှင်ကြားကို ရှင့်ကိုအားပေးခဲ့တယ်။ ရှင်နဲ့ဖခင်ကြားထဲမှာ စိမ်းသက်မနေကြဘူး။ မအား တဲ့ကြားထဲကနေတောင် နားလည်မှုတွေရှိကြတယ်။
A - အမှန်ပဲ။ ကျွန်မဖခင်အခု “ပဲရစ်”မှာနေတယ်။ သူကအမြဲတမ်းအလုပ်တွေရှုပ်နေတာ။ ဒါပေမဲ့ကျွန်မတို့ အမြဲတမ်းအဆက်အသွယ်ရှိတယ်။ ကျွန်မဖခင်သည်ကလေးတွေဖတ်ဖို့စာအုပ်တစ်အုပ်ထုတ်ခဲ့တယ်။ ကျွန်မ
ငယ်ငယ်တုန်းကဆိုရင်ဖခင်ရဲ့ပုံကိုကျွန်မပန်းချီဆွဲပေးခဲ့တယ်၊ဖခင်ကတော့ပုံတွေပြောပြခဲ့တယ်။ဒါကြောင့်လဲဒီလို စာအုပ်မျိုးကိုရေးသားနိုင်ခဲ့တာလေ။ အဲဒါကတော့ကျွန်မအတွက် ထူးခြားမှုပဲ။ ကျွန်မကိုအားပေးတဲ့အတွက်အဖေ ကိုအမြဲကျေးဇူးတင်ခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ ကျွန်မငယ်ငယ်တုန်းက ဆွဲထားတဲ့အဖေရဲ့ပန်းချီပုံလေးတွေပါတယ်။ ဖခင်များနေ့ အထိမ်းအမှတ်အတွက် ဆွဲခဲ့ပြီးဖခင်ကိုလက်ဆောင်ပေးခဲ့တာ။

Q - ရှင့်ရဲ့အလုပ်အတွက် ဘယ်သူကအကြံဥာဏ်ပေးသလဲ။
A - ကျွန်မကတော့ Teddy(Park) ကိုပဲသွားရှာတယ်။ ကျွန်မတို့ရဲ့သီချင်းတွေကို သူပဲရေးပေးတယ်။ ပရိုဂျူဆာလဲသူပဲလုပ်တာ။ ကျွန်မစိတ်ထဲမှာရှိသမျှအရာတွေကို သူနဲ့တိုင်ပင်တယ်။ ကျွန်မမှာခက်ခဲ့တဲ့အချိန် တွေရှိခဲ့ရင် သူ့ဆီကပဲအကြံဥာဏ်ယူတယ်။ သူကတော့ကျွန်မအတွက် လမ်းပြကြယ်ပဲ။ သူကျွန်မထက်အသက် ကြီးတော့ ကျွန်မကိုကောင်းမွန်တဲ့ အကြံတွေပေးတဲ့အပြင် ကျွန်မကိုလဲဂရုစိုက်တယ်။ မိန်းကလေးတစ်ဦး အနေနဲ့ပဲဖြစ်ဖြစ်၊ အဆိုတော်တစ်ဦးအနေနဲ့ပဲဖြစ်ဖြစ် သူကတော့ ကျွန်မကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားပေးတယ်။

Q - ရှင့်ကိုဖက်ရှင်ဘုရင်မ၊ခပ်ဆိုးဆိုးအမျိုးသမီးလို့ခေါ်ကြတယ်။ အဲဒီအမှတ်တံဆိပ်တွေကဘာတွေကိုဆိုလိုတာလဲ။
A - ကျွန်မလဲမသိဘူး၊ အဲဒီနာမည်တွေအားလုံးကို ကျွန်မနှစ်သက်တယ်။ ဒါပေမဲ့အဲဒီအမည်တွေရလာဖို့ တော့ ကျွန်မဘာမှမလုပ်ခဲ့ဘူး။ ဖက်ရှင်ဘုရင်မ၊ ဒါမှမဟုတ် ခေါင်းဆောင်ဆိုတဲ့နာမည်တွေကိုလူတွေခေါ်ဖို့ အတွက် ကျွန်မဘာမှ မလှုပ်ရှားခဲ့ဘူး။ ကျွန်မဖက်ရှင်ကိုကြိုက်တယ်။ အနုပညာကိုနှစ်သက်တယ်။ ကျွန်မ လုပ်သမျှအရာတွေကိုကျွန်မနှစ်သက်တယ်။ ကျွန်မကိုမိန်းမဆိုးလို့ခေါ်တာကိုလဲကြိုက်ပါတယ်။ စတိတ်ပေါ်မှာ ကျွန်မဆိုးလို့ အဲဒီလိုခေါ်တာနဲ့ထင်တယ်။

Q - တခြားသူတွေ ရှင့်အပေါ်ဘယ်မြင်နေသလဲဆိုတာကို စိုးရိမ်မှုတွေဖြစ်ခဲ့သလဲ။
A - စိုးရိမ်ပါတယ်။ ကျွန်မတခြားသူတွေရဲ့အကြောင်းကိုစဉ်းစားမိတဲ့အခါတိုင်း အဲဒါတွေကိုစဉ်းစားမိတယ်။ ၂၀၁၁ မှာဆိုရင် ကျွန်မကိုယ့်ကိုကိုယ်သိပ်ယုံကြည်နေလို့ လူတိုင်းကျွန်မကိုနှိပ်ကွက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်လဲ အဲဒါတွေကိုပဲစဉ်းစားနေမလား၊ ဒါမမဟုတ် ကိုယ်နှစ်သက်တာကိုပဲလုပ်ရမလဲဆိုတာတွေဖြစ်လာခဲ့ ရတယ်။ ကျွန်မခဏတော့ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ကိုယ်ကကိုယ့်ဘဝနဲ့ပဲနေရမှာလေ။ ကိုယ်ကတခြားသူမှမဖြစ် နိုင်တာ။ ကျွန်မရဲ့ဘဝကိုနောင်တတွေနဲ့မနေထိုင်ချင်ဘူး။ ကျွန်မပြောချင်တဲ့အရာတွေကိုပြောမယ်။ လုပ်ချုင်တဲ့အရာတွေကိုလုပ်မယ။်အဲဒီအချိန်အခါလေးကဘယ်တော့မှပြန်ရောက်လာမှာမဟုတ်ဘူး။ ရှင်ပိုင်ဆိုင်ထားတဲ့အခိုက် အတန့်လေးကိုရှင်ဖမ်းဆုပ်ထားနိုင်ရမယ်။ တန်ဖိုးထားရမယ်။ ရှင်တခြားသူတွေကိုလေးစားရမယ်။ ဘဝမှာရှိတဲ့အရာတွေကို တန်ဖိုးထားရမယ်။ ဒါပေမဲ့ရှင့်ကိုယ်ရှင်တော့ယုံကြည်မှုရှိရမယ်။

သက်(Ref : Dazedigital)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ