စတုတ္တမျိုးဆက် တိုက်ဖွိုက်ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့

ဆေးလက်တွေ့ သက်သေပြမှု များကို ကမ္ဘာ့ပထမဆုံး ပြုလုပ်နိုင်ခဲ့ သော တိုက်ဖွိုက်ရောဂါ ကာကွယ် ဆေးကို Bharat Biotech ကုမ္ပဏီမှ ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရပြီး အသက် ခြောက်လအရွယ်မှ အရွယ်ရောက် ပြီးသူများကို ကာကွယ်ပေးနိုင်မည် ဟု သိရသည်။ အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သော Krish na Ella က ကာကွယ်ဆေးသစ်သည် လူသားသန်းပေါင်းများစွာကို Salmo-nell typhi ဘက်တီးရီးယားကြောင့် ဖြစ်ရသော အူရောင်ငန်းဖျားရောဂါ ဟု လူသိများသည့် တိုက်ဖွိုက်ရောဂါ ၏ အန္တရာယ်မှ ကာကွယ်ပေးနိုင် မည်ဟု ပြောဆိုလိုက်သည်။

အခုကာကွယ်ဆေးသည် စတုတ္တမျိုးဆက် ကာကွယ်ဆေးဖြစ်ပြီး ကလေးငယ်များတွင် အသုံးပြုနိုင် ကြောင်းကို စမ်းသပ်မှုများစွာ ပြုလုပ် ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်။ ''ဒီကာ ကွယ်ဆေးဟာ ဒီရောဂါကြောင့် ကလေးငယ်တွေ အထူးသဖြင့် နိုစို့ ကလေးငယ်တွေကို တိုက်ဖွိုက်ရောဂါ ကြောင့် သေဆုံးရမှုကို ကာကွယ်ပေး နိုင်မှာပါ။ ဈေးနှုန်းကိုတော့ အတည် မပြုရသေးပါဘူး။ ဒါပေမယ့် အစိုး ရဈေးနှုန်းနဲ့ ပုဂ္ဂလိကဈေးနှုန်းနှစ်မျိုး တော့ ခွဲခြားသွားမှာပါ''ဟု Krishna Ella က ရှင်းပြထားသည်။

ယခုကာကွယ်ဆေးကို တစ်နှစ် လျှင် အလုံးရေ (၁၀)သန်းခန့် ထုတ် လုပ်ရန် ရည်မှန်းထားပြီး ထုတ်လုပ် မည့် Bharat Biotech သည် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိသွားနိုင်ရန် ရည်ရွယ်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ အူရောင်ငန်းဖျား ရောဂါကြောင့် ကမ္ဘာ့တစ်ဝန်းလူဦး ရေ သန်း၂၀ခန့် ဖျားနာနေကြရပြီး လူဦးရေ နှစ်သိန်းခွဲမှ ခြောက်သိန်းထိ နှစ်စဉ်သေဆုံးနေရကြောင်း အများစု မှာကျောင်းနေအရွယ် ကလေးငယ် များဖြစ်ကြောင်းသိရှိရသည်။

သေဆုံး သူများ၏ ၉၀%မှာ အာရှတိုက်မှဖြစ် သည်။ ကုသမှုမှာ ပဋိဇီဝဆေးဝါးများ ဖြင့်ကုသပျောက်ကင်းနိုင်သော်လည်းဆေးယဉ်ပါးမှုများဖြင့် မြင့်တက်လာ သဖြင့်ကာကွယ်ခြင်းမှာ အရေးပါ သော လုပ်ငန်းစဉ်ဖြစ်လာသည်ဟု WHO က ထုတ်ပြန်ထားသည်။

သန့်စင်
Ref: PTI

Health Updates Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ