နားတစ်ဖက်တည်း မကြားရသူများ အတွက် အရိုးပေါ်နားကြားစက် တပ်ဆင်နိုင်ရန် ခွဲစိတ် ကုသပေးမည်

မြန်မာ နိုင်ငံတွင် နားတစ်ဖက်တည်းအ လွန်အမင်း မကြားရသူများအ တွက် အရိုးပေါ်နားကြားစက် Bone Bridge တပ်ဆင်ပေးနိုင်ရန် မလေးရှားနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန် ကြီးနှင့် မြန်မာနိုင်ငံမှ အထူးကု ဆရာဝန်ကြီးများပူးပေါင်း၍ ပထမ ဆုံးအကြိမ် ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

''မွေးရာပါရောဂါကြောင့် နားသိပ်လေးတဲ့ ကလေး၊ လူကြီး တွေကို နားကြားစက် Ear Implants ခွဲစိတ်တပ်ဆင်ပေးပြီး စကားမပြောတတ်သူတွေကိုလဲ ခွဲစိတ်ပြီးရင် စကားပြန်လည်ပြော နိုင်ဖို့အတွက် လေ့ကျင့်သင်ကြား ပေးတာတွေကို အခမဲ့လုပ်ပေးသွား မှာပါ''ဟု ဝိတိုရိယဆေးရုံမှ ဒေါက် တာ အိမွန်နိုင်က ပြောသည်။

မွေးရာပါကလေး၊ လူကြီး နာလေးရောဂါများနှင့် အသက် ကြီးမှဖြစ်ပေါ်လာသည့် နားလေး ရောဂါများအတွက် အတွင်းနား ကိုခွဲစိတ်၍ နားကြားစက်ထည့် ပေးခြင်း၊ နားပြည်ယိုရောဂါများ ကိုခွဲစိတ်ကုသပေးပြီး လိုအပ်ပါ က အလယ်နားကြားစက်ထည့်ပေး ခြင်း ( (Middle Ear Implants)၊ အ သံကြောပိတ်ဆို့၍ အသက်ရှူ ကျပ်သောရောဂါများ၊ ဦးခေါင်း အရင်းနှင့် လည်ပင်းတွင်ဖြစ်ပေါ် တတ်သော အာရုံကြောရောဂါ များကြောင့် နာကျင်ကိုက်ခဲသော ရောဂါများနှင့် နားတစ်ဖက်တည်း အလွန်အမင်းမကြားသူများအ တွက် ဩညန မြငိါန ခေါ်သော အရိုးပေါ်နားကြားစက်တပ်ဆင် ပေးခြင်းတို့ကို မလေးရှားနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် လည်ပင်းအထူးကုဆရာဝန်ကြီး လာရောက်ခွဲစိတ်ပေးမည်ဖြစ် ကြောင်း သိရသည်။

''ပုံမှန်အများဆုံးခွဲစိတ်ရ တာကတော့ နှာခေါင်းခွဲစိတ်တာ ပိုများတယ်။ နှာခေါင်းရောဂါနဲ့ စပ်ဆက်တဲ့ နှာပိတ်တာတို့၊ နှာ အတွင်းပိုင်းမှာ အသားပိုဖြစ်တာ တို့ ထိပ်ကပ်နာ ရောဂါတွေကို နောက်ဆုံးပေါ် FESS (Functional Endoscopic Sinus Surgery))တီဘီမှန်ပြောင်းနဲ့ ခွဲစိတ် ကုသပေးမှာပါ''ဟု ဒေါက်တာအိ မွန်နိုင်က ပြောသည်။

နား၊ နှာခေါင်း၊ လည်ချောင်း နှင့် လည်ပင်းတို့တွင်ဖြစ်ပေါ်တတ် သော အဖုအကျိတ်ထွက်ခြင်းများ၊ ကင်ဆာရောဂါများကို ခွဲစိတ်ပေး ခြင်း၊ အစားထိုး ပြုပြင်ပေးခြင်း များကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံက ငွေကြေး တတ်နိုင်တဲ့သူတွေက နိုင်ငံခြား မှာ သွားကုသကြတာများတယ်။ နိုင်ငံခြားမှာ သွားကုမယ်ဆိုရင် သွားလာ စားသောက်စရိတ်တွေ ရှိမယ်။ ဒီမှာကျတော့ အခြားနိုင်ငံ မှာ သွားကုသတာထက်စာရင် အ များကြီး သက်သာမယ်။ မိသားစု တွေနဲ့လဲ တွေ့ရမယ်။ လူရော ငွေ ကြေးအရပါ သက်သာသွားမယ်'' ဟုပြောသည်။

အဆိုပါရောဂါများကို မ လေးရှားနိုင်ငံမှ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် လည်ပင်းအထူး ကု ဆရာဝန်ကြီးမှ စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ဝိ တိုရိယဆေးရုံတွင် လာရောက် ခွဲစိတ်ကုသပေးမည်ဖြစ်ပြီး ကုသ မှု ခံယူလိုသောသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ခင်သက်မွန်၊ ရန်ကုန်
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ