ဖိလစ်ပိုင် သူပုန်များက ရဲအရာရှိများကို ပြန်ပေးဆွဲ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့များနှင့် မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး (MN-LF) တို့အကြား ရက်သတ္တတစ် ပတ် ကျော်အကြာ တိုက်ပွဲများဖြစ် ပွားလျက်ရှိနေစဉ် ဖိလစ်ပိုင်သူပုန် (MN-LF)များသည် ဇမ်ဘိုအန်ဂါ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် အခြားရဲတပ် ဖွဲ့ဝင် လေးဦးအား စက်တင်ဘာ ၁၇ ရက်က ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။ အဆိုပါ မြို့နယ် ရဲတပ်ဖွဲ့မှူး ဟိုဆေး ချီကွီတို မာလာယိုနှင့် အခြားရဲတပ်ဖွဲ့ ဝင် လေးဦးအား ပဋိပက္ခများ ဖြစ်ပွားရာဒေသ အနီး၌ ဖိလစ်ပိုင် သူပုန် တပ်ဖွဲ့ဝင်များက ဒေသစံတော်ချိန် နံနက် ၁ဝ နာရီဝန်းကျင် တွင် သေနတ်ဖြင့် ထောက် ၍ ခြိမ်းခြောက်ကာ ဇမ်ဘိုအန်ဂါမြို့ အပြင်ဘက်ရှိ တစ်တာဘွန်ကျွန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ ၏နောက်သို့ အစိုးရ တပ်ဖွဲ့ဝင်များက ထက်ကြပ် မကွာလိုက်ပါ သွားခဲ့ကြောင်း အမှတ် ၇ ပြည်သူ့ဆက်ဆံရေး တပ်ဖွဲ့ တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး ဟာရိုးဒ်ကာ ဗျူနော့ က ပြောကြားခဲ့သည်။

ဇမ်ဘိုအန်ဂါမြို့သို့ ဖိလစ်ပိုင် သူပုန်တပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းမှုကြောင့် အစိုးရ တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သူပုန်များသည် ကမ်းရိုး တန်းကျေးရွာ လေးရွာမှ ရွာသားများအား ပြန်ပေးဆွဲခေါ်ဆောင် သွားခဲ့ကြကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ