သဘင်သမဂ္ဂ ရဲ့ တွဲဖက် အတွင်းရေးမှူး ရာထူး ကနေ အနားယူတော့မယ့် ဖိုးချစ်

မြန်မာနိုင်ငံ သဘင် သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) မှာ တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဖိုးချစ် က သူ့အနေနဲ့ တွဲဖက် အတွင်းရေးမှူး နေရာကနေ အနားယူဖို့ စာတင်တော့မှာဖြစ်ကြောင်း ပြောလာပါတယ်။ ဖိုးချစ်နဲ့အတူ သဘင်သမဂ္ဂမှရဲ့ ဘဏ္ဍာရေးမှူးအကယ်ဒမီ
ကျောက်စိမ်း၊ စည်းရုံးရေးမှူး သျှန်ထွဏ်း(မြန်မာစာ)တို့လည်း အနားယူဖို့ စာတင်မှာဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော်တို့ လေးစားရတဲ့ တန်ဖိုးထားရတဲ့ ပုဂ္ဂိုလ်တွေ ချည်းပါပဲ။ ဘာပြဿနာ မှလည်း မရှိပါဘူး။ ဘာအခက်အခဲ မှလည်း မရှိပါဘူး။ ကျွန်တော် တို့မှာလည်း တခြားအလုပ်တွေလည်းရှိတဲ့အတွက်ကြောင့်ပါ။ ပြီးရင် လွတ်လွတ်လပ်လပ် နဲ့ သဘင်နဲ့ ပတ်သက်တာတွေကို နိုင်သလောက် ကြိုးစားပြီးလုပ်ဖို့ဆုံးဖြတ်ထားပါတယ်။ တစ်ခုရှိတာကတော့ သဘင် လောကသားတွေ အားလုံး ပါဝင်လာပြီး၊ သဘင်ထု အားလုံးကလည်း သိပြီး၊ အားလုံး ပါဝင်လာပြီ ဆိုရင်တော့ ဘယ်သူမှ ခေါ်စရာမလို ဘဲ ကျွန်တော် တို့တွေက အလိုလို ပူးပေါင်းသွားမယ် ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ လုပ်တဲ့အလုပ်ပေါ်မှာ အဖွဲ့အစည်းကြောင့်လား၊ အဖွဲ့အစည်း ကြောင့်လားဆိုတဲ့အမြင် မျိုးတွေနဲ့ သဘင်ပေါ်မှာ မြင်သွားမှာ စိုးရိမ်လို့ပါ” လို့ နုတ်ထွက်စာတင်မယ့် အကြောင်းနဲ့ပတ်သက်ပြီး ဖိုးချစ် က ပြောပါတယ်။

သဘင် သမဂ္ဂရဲ့ တွဲဖက် အတွင်းရေးမှူး ဖိုးချစ်နဲ့ အပြင် သဘင် မင်းသားဖိုးချစ်က ဘာတွေ ကွာခြားမှု ရှိသွားနိုင်လဲလို့ မေးတော့ “မကွာပါဘူး။ အဓိကကတော့ ကျွန်တော့် ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ အားလုံး အမြင်လေးလည်း ရှင်းသွားအောင်၊ ဟိုလူတွေက တစ်ဖက်၊ ဒီလူတွေက တစ်ဖက်၊ သူတို့လည်း အုပ်စု ဖွဲ့တယ်။ အဲဒီလို ထင်မှာ စိုးလို့ပါ။ ကျွန်တော်တို့ အနေနဲ့ ပုဂ္ဂလိက ခံစားချက် မရှိဘဲနဲ့ သဘင် အတွက်ကို တကယ် တတ်နိုင်သ လောက်ပေါ့။ စားဝတ်နေရေးလည်း ပါပါတယ်။ နောက် သဘင်နဲ့ ပတ်သက်ပြီး ကိုယ် လုပ်ချင်တာလေး တွေကို လုပ်ချင်တဲ့ အမြင်လေးလည်း ရှိလို့ပါ။ ကျွန်တော် တို့အနေနဲ့ ဘာပြဿနာမှ မရှိပါဘူး။ အားလုံး နဲ့ လည်း တွေ့ကြပါတယ်။ သို့သော် ဘယ်ဟာပဲ လုပ်လုပ် သဘင်လောက အားလုံး သိပြီးမှ လုပ်တဲ့ အလုပ်မျိုး ဖြစ်စေချင်တဲ့ တစ်ခု အတွက်ကို ကျွန်တော်တို့ အများကြီး လှမ်း လျှောက်ကြ ရဦးမယ်။ ကျွန်တော့် အနေနဲ့ သဘင်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ် တော်တော် များများနဲ့ စကားပြော ဖြစ်ကြပါတယ်။ ဒီပေါ်ပြူလာ ဂျာနယ်ထဲကပဲ တကယ့် မှန်သော စကားလေးတစ်ခွန်းကို ပြောပါရစေ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်ရေး အရ လုံးဝ ရည်ရွယ်ချက် ၊ရည်ရွယ်လို စိတ် ဘာမှမရှိပါဘူး။ ကျွန်တော်တိုက်လည်း မတိုက်ခိုက်ပါဘူး။ တိုက်ခိုက်ရမယ့် အနေအထားလည်း ကျွန်တော့်မှာ မရှိပါဘူး။ ဒါပေမဲ့ လူငယ် တစ်ယောက်ရဲ့ ရည်ရွယ်ချက် နဲ့ အဓိကကတော့ သဘင်လောက တစ်ခုလုံး သိပြီး၊ သဘင် လောကသားတွေ အားလုံး ပါဝင်တဲ့ ၊ သဘင်လောကသားတွေ အားလုံးက အသိအမှတ် ပြုထားတဲ့ အနေအထား တစ်ခု ကို ရောက်စေချင် ပါ ယ်။ ဖြစ်စေချင်ပါတယ်။ သဘင့် ကံကြမ္မာကို သဘင်လောကသား တွေက ဆုံးဖြတ် ဖန်တီးနိုင်တဲ့ အနေအထားကို ရောက်မှသာလျှင် အားလုံး အဆင်ပြေ သွားမှာပါ။ ကျွန်တော်တို့ သဘင်က တစ်သွေး တစ်သားတည်း ဖြစ်လာဖို့ လိုလာပြီ။ အဓိက ကတော့ ကျွန်တော် တို့တွေရဲ့နာမည်တွေကို ကျွန်တော်တို့ အားလုံးထားခဲ့ ရမယ်။ သဘင် ဆိုတဲ့ ခေါင်းစဉ် တစ်ခုကို သွားဖို့ အတွက်ပေါ့။ ကျန်တာတွေ အားလုံး ထားခဲ့ပြီး သဘင်ကို ချစ်တဲ့စိတ်နဲ့ လုပ်ဖို့ လိုတယ်။ ကျွန်တော် ပေါ်ပြူလာ မှာဖြေဖူး တယ်။ နေရာလိုချင်လို့ လုပ်တာလား၊ အလုပ်လုပ်ချင် လို့နေရာ ယူချင်တာလား ဆိုတာ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ကွဲကွဲပြားပြား သိဖို့လိုတယ်။ နောက် အတ္တတွေ ကင်းဖို့ လိုပြီ။ ဒါကျွန်တော် တစ်ယောက်တည်း ရဲ့အမြင်ကို ပြောနေခြင်းသာ ဖြစ်ပါတယ်။ အများ ဆန္ဒ ကိုပြောနေခြင်း မဟုတ်ပါဘူး” လို့သဘင် နဲ့ ပတ်သက်ပြီး သူ့ ရဲ့ဖြစ်စေ လိုမှုတွေကို ပြောပြ ခဲ့ပါတယ်။

popular myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ