ကလပ်စံချိန်တင် ဈေးနှုန်းဖြင့် အိုဇေးလ်ကို အာဆင်နယ် ခေါ်ယူ

အာဆင်နယ် အသင်းသည် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရီးယဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား မီဆွတ်အိုဇေးလ်ကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ဘောလုံးစွမ်းရည် ပြည့်ဝသည့် ဂျာမန်လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားအတွက် စတာလင်ပေါင် (၄၂.၅)သန်းထိ ဈေးပေးခဲ့ကြောင်း သိရသည်။ အိုဇေးလ်သည် ရီးယဲလ်သို့ ဂါရတ်သ်ဘေးလ် ရောက်ရှိလာသည့်နောက် ဘာနေဗျူးမှ ထွက်ခွာရန် လျင်လျင်မြန်မြန် ဆုံးဖြတ်ခဲ့ပြီး အာဆင်နယ်က ၎င်းကို ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၄)နှစ်ရှိ အိုဇေးလ်သည် အမ်းမရိတ်စ်တွင် ကျောနံပါတ် (၁၁) ဂျာစီကို ဝတ်ဆင်သွားမည် ဖြစ်သည်။

အိုဇေးလ်ရောက်ရှိမှုကို အာဆင်နယ် ကစားသမားများကလည်း ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။ ကွင်းလယ်လူ ဂျက်ဝီလ်ရှိုင်းယားက "နွေရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှု၊ အာဆင်နယ် ကစားကွက်မှာ လွယ်လွယ်ကူကူ အံဝင်မယ့် အံ့မခမ်း ကစားသမားမျိုးပါ။ အိုဇေးလ်ကို ကြိုဆိုပါတယ်"ဟု Twitterတွင် ရေးသားခဲ့သည်။ အေရွမ်ရမ်ဆေးကလည်း "အာဆင်နယ်က ကြိုဆိုပါတယ် အိုဇေးလ်။ ကျွန်တော်တို့အတွက် သိပ်ကို ကောင်းမွန်တဲ့ စာချုပ်ခေါ်ယူမှုပါပဲ"ဟု ဆိုသည်။ အိုဇေးလ်၏ လက်ရွေးစင် အသင်းဖော်လည်းဖြစ်သည့် လူးကက်စ်ပိုဒေါ့စကီးက နှစ်ဦးအတူ တွဲရိုက်ထားသည့် ဓာတ်ပုံကို Twitterတွင် လွှင့်တင်ပြီး "ကြိုဆိုပါတယ် ညီလေး။ လန်ဒန်ကနေ စောင့်နေတယ်"ဟု ရေးသားထားသည်။

အိုဇေးလ်၏ အပြောင်းအရွှေ့နှင့် ပတ်သက်သော အချက်အလက်များကို အာဆင်နယ်က မကြာမီ ထုတ်ဖော် ကြေညာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။ အာဆင်နယ်သည် ဈေးကွက်ပိတ်ရက်တွင် ပါလာမို ဂိုးသမား အီမီလီယာနို ဗီဗီယာနိုကိုလည်း အငှားခေါ်ယူနိုင်ခဲ့သည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ