ဥသာသီရိဈေးပေါ်က ခေသူမဟုတ်သော လောင်းကစားဒိုင်မဖမ်းနိုင်

ပဲခူးမြို့လယ်ခေါင် မြစ်ကူးတံတားထိပ်ရှိ သီရိဥသာဈေးပေါ်တွင် ကလေးကစားကွင်းကို ဘန်းပြပြီး လောင်းကစား(ကာစီနို)ဂိမ်းများဖြစ်သည့် လောင်းကစားများကို ဥပဒေမဲ့ ပြုလုပ်နေသည်မှာ (၂)နှစ်ခန့်ရှိခဲ့ပါသည် ထိုဂိမ်းများတွင် သရဲဂိမ်း၊ငမန်းဂိမ်းနှင့် ယုန်ဂိမ်းများသည် အဆိုးဆုံးလောင်းကစားဖြစ်ပြီး  ငွေနှင့်အကြွေစိလဲ၍ ကစားရပြီး (၁)ခါရော်ပြီ (၁၀)ခါလောက်ပြန်စားသော ကွန်ပြူတာစနစ်ဖြင့် ထိမ်းချုပ်ပြုလုပ်ထားသောလောင်းကစားဖြစ်ရာ အရှုံးအများဆုံးကစား နည်းဖြစ်ပါသည် လာရောက်ကစားသူများသည်သိန်းရာချီရှုံး ဘ၀ပျက်၍ပြန် သွားကြရပါသည် အဆိုးဆုံးမှာ ကျောင်းသားလူငယ်များ ကျောင်းမတက်ဘဲလောင်းကစားလာပြုလုပ်သဖြင့် ကျောင်းမတက်တော့ဘဲ အကျင့်စာရိတ္တပျက်သွား တာမျိုးလဲရှိပါသည် ထို ကာစီနိုဂိမ်းသည် နေ့ဆိုင်းလူ(၃၀)ဦး ညဆိုင်းလူ(၃၀)ဖြင့် လည်ပတ်လျှက်ရှိပြီး ဒိုင်ချုပ်၏(၁)လ၀င်ငွေမှာ သိန်း(၅၀၀)နှင့်သိန်း(၇၀၀)ကြားရှိပါသည် ပဲခူးမြို့၏တစ်ခုတည်းသော သီရိဥသာ ဈေးအပေါ်ထက်ရှိ လောင်းကစား(ကာစီနို)ဂိမ်းအား ဖမ်းဆီးရန်မှာလည်း ဒိုင်ချုပ်သည် ခေသူတစ်ယောက်မဟုတ်သဖြင့်လာရောက် ဖမ်းဆီးမှုမရှိတာဖြစ်ကြောင်း ဈေးသူ/သားများကပြောဆိုနေကြပါသည်

ကိုသန့် ဇင်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ