ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ဓါတ်ပုံ - ရဲဇာနည်
ရန်ကုန်၊ စက်တင်ဘာ ၂၉

၂၈.၉.၂၀၁၃ရက်နေ့ ၁၀၄၅အချိန် ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွါ X-Ray စက်၌ တာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB – Special ဖြင့် တင်ဆောင်ရန်အတွက် ကျော်စွာဝင်း၊ (ဘ)ဦးတင်ဦးလွင်၊ အင်းစိန်မြို့နယ်နေသူ ယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော TV Game စက်အား X-Ray စက်တွင် ဖြတ်သန်း...စဉ် ၎င်း Game စက်အတွင်း၌ မသင်္ကာ ဖွယ်ရာတွေ့ရှိသဖြင့် လေကြောင်း ရဲတပ်ဖွဲ့မှူးရုံး(ရန်ကုန်)သို့ ကျော်စွာဝင်းအား Game စက်နှင့်အတူခေါ်ဆောင်ကာ သက်သေများရှေ့တွင် ဖွင့်ဖေါက် စစ်ဆေးခဲ့ရာ Game စက်အတွင်းမှ အ၀ါရောင်တိတ်များဖြင့်ပတ်လျက် အပြာရောင်ပလပ်စတစ်အိတ်ငယ်များဖြင့်ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၇၉၈)ပြား၊ အလေးချိန် (၇၉.၈)ဂရမ်ခန့် ၊ ကာလတန်ဘိုးငွေကျပ်(၃၉၉၀၀၀၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။

ကျော်စွာဝင်းအားစစ်ဆေးခဲ့ရာ အဆိုပါဆေးပြားများပါသည့်Gameစက်ကို ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် ၀၆၀၀အချိန်ခန့်က အမည်မသိအမျိုးသား (၁)ဦးမှ လာရောက်ပေးခဲ့ခြင်းဖြစ်ပြီး
မြိတ်မြို့ရှိ ဦးနောင်ကို၊ (ဘ)ဦးညာထံသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း စစ်ဆေးသိရှိရ သဖြင့် ကော့သောင်းမူးယစ်တပ်ဖွဲ့စုမှ ၁၃၅၀အချိန်တွင် ဦးနောင်ကိုအား ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါစိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကျော်စွာဝင်းနှင့် ဦးနောင်ကိုတို့အား မင်္ဂလာဒုံမြို့မရဲစခန်း မယ(ပ)၉/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ