ရုပ်ရှင်သည် ဖျော်ဖြေတင်ဆက် မှုဖြစ်သည့် အားလျော်စွာ ပရိသတ်နှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမား သည့် သက်ရောက်မှု ရှိပါသည်။ တစ် ပြိုင်နက်တည်းမှာပင် ရုပ်ရှင် သည် အနုပညာလည်းဖြစ်သည်ဆိုသည့် အတွက် အနုပညာတစ်ရပ်ကို ဖန်တီး ရာတွင် ရိုးသားမှု၊ လွတ်လပ်မှုရှိမှ သာ တိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပေ သည်။ဆင်ဆာ စည်းကမ်းသတ်မှတ်ချက်များဖြင့်သာဆိုလျှင် လူ့အဖွဲ့အ စည်း၏ ယနေ့ဖြစ်ပျက်နေသော ကိစ္စများကို ရိုးသားစွာ ရိုက်ကူးတင် ဆက်မှုလုပ်နိုင်မည်မဟုတ်ပေ။
ယင်းကို သိလာကြသည့် အမေရိကန်ရုပ် ရှင်သားများ သည် ၁၉၆၈ခုနှစ်တွင် ပရိသတ်၏ ရင့်ကျက်မှုအရ ခွဲခြား ကန့်သတ်ပေးမည့် ရုပ်ရှင်ဇာတ်ကား အဆင့်အတန်း သတ်မှတ်ချက်စနစ် (Rating) ကို စတင်တီထွင် ကျင့်သုံးလာ နိုင်ခဲ့ကြလေသည်။ ထို့အတူပင် ပွင့်လင်းလာမှုနှင့် အတူ မြန်မာ့ရုပ်ရှင်ဗီဒီယိုလောကအနေဖြင့်လည်း ရုပ်ရှင်အဆင့်အတန်း သတ်မှတ်ချက်စနစ်ကို ကျင့်သုံးသင့်၊မကျင့်သုံးသေးသင့်အပေါ် ရုပ်ရှင်လောကသားများ၏အသံကို မေးမြန်းဖော်ပြလိုက်ရပါသည်။
မြင့်မြတ်
အဲဒီလို မျိုးသတ်မှတ် လိုက်ရင်ကောင်းပါတယ်။ အသက် ၁၈ နှစ်အောက် မကြည့်ရလို့သတ်မှတ်လိုက်တာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး သတ်မှတ်လိုက်ရင် ရုပ်ရှင်အစည်းအရုံးကို ဝေဖန်သံတွေ လျော့သွားမယ်လို့ ထင်ပါတယ်။
ဖြိုးငွေစိုး
သတ်မှတ်ထားရင်လည်း ပြီး သွားတာပဲ။ ဒီနိုင်ငံမှာ ၁၈ နှစ် အောက်သတ်မှတ်မယ်ဆိုရင် ကိစ္စတွေကအများကြီး။ ထားပါ တော့၊ ဆေးလိပ်မရောင်းဖို့ကိစ္စ တောင် မသတ် မှတ်နိုင်ရင် ဒီလိုမျိုး ဗီဒီယိုနဲ့ ပတ်သက်ပြီး သတ်မှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး လို့ထင်တယ်။ သိပ်ပြီးတော့လည်း မဖြစ်နိုင်ဘူး။ နဂိုကတည်းက စည်းကမ်းတစ်ခုကို သိပ် ပြီးလိုက်နာတဲ့ အကျင့်မရှိ တော့ သတ်မှတ်ဖို့က တော့ မဖြစ်နိုင်ဘူး။ ဖန် တီးတဲ့သူတွေကပဲ ကြည့် သင့်၊ မကြည့်သင့်ဆို တာ လေးကိုသိသာ အောင် လေးတော့ ခေါင်းစဉ် တစ်ခုခု လုပ်ပေးပြီးတော့ ဒါကိုမှာ ကြည့်ချင်ရင် လည်းကြည့်၊မကြည့် ရင်လည်းနေ အဲဒါ မျိုးပဲလုပ်နိုင်မယ် လို့ထင်တယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်
Ratting စနစ်ကျင့်သုံးဖို့ကတော့ စော သေးတယ်လို့ ထင်မိတယ်။ တိုင်းပြည်မှာရှိတဲ့ အများပြည် သူရဲ့ဆန္ဒနဲ့လည်းဆိုင်တယ်။ ဇာတ်ကားတွေကိုဘယ်သူတွေ အတွက် ရိုက်တာလဲ။မြန်မာပြည်က ပြည်သူတွေအတွက် ရိုက်တာလေ။ မြန်မာပြည်က ပြည်သူတွေက ဘယ်လိုဇာတ်ကားမျိုးကို တောင့်တလဲ၊ဘယ်လိုဇာတ်ကားမျိုးကို ကြည့်ချင် လဲ။ ပြည်သူအများစုရဲ့ ဆန္ဒအတိုင်း သွားသင့်တယ်လို့ ထင်တယ်။
အစ်မတို့ ဒါရိုက်တာ တွေ ချင်းတွေ့ကြတဲ့ အခါမှာ တချို့ဒါရိုက်တာတွေက ပြော တယ်။ အဆင့် သတ်မှတ်သင့် တယ် ဆိုတဲ့နေရာမှာဇာတ်ကား တစ်ကားရဲ့အရည်အသွေးပေါ့။ ရိုက်တဲ့ ဇာတ်ကားတွေရဲ့အရည်အသွေးကို ကြယ်ပွင့်တွေနဲ့ သတ်မှတ်တာပေါ့။ အဲဒါမျိုး စနစ်တော့ဖြစ် စေချင်တယ်။ အနုပညာသမားတွေမှာလည်း ကိုယ့်ခံယူချက်နဲ့ ကိုယ်ရှိပါတယ်။ ၁၈နှစ်အောက် မကြည့်ရ ဇာတ်ကား မျိုးစနစ် တွေပေါ် လာလည်း အစ်မ အနေ နဲ့ကတော့ အဲဒီလိုင်းမျိုးရိုက်မှာမဟုတ်ဘူး။ မိသားစုတိုင်းကြည့်လို့ရတဲ့ ဇာတ်ကားမျိုးတွေကိုပဲ ရိုက်သွားမှာပါ။ ဒါအစ်မရဲ့ အနု ပညာအပေါ် ထားတဲ့ ခံယူချက် ပါပဲ။
သက်မွန်မြင့်
တချို့နိုင်ငံတွေမှာ Ratting တစ်ခုသတ်မှတ်တယ် ဆိုတာသူ တို့ နိုင်ငံယဉ်ကျေးမှုနဲ့တိုင်းတာ ပြီးသတ်မှတ်တယ်။ ကိုယ်တွေဆီမှာကျတော့ အသက် ၁၈နှစ် အောက် မကြည့်ရ ၁၈နှစ် အထက် ကြည့်ရတယ် ဆိုရင်ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့တအားဆန့်ကျင်နေတာမျိုးဆိုရင်ကော၊ တကယ် ကြည့်ကြမှာလား။ အဲဒါမျိုးေ တာ့ တွေးရ မယ်။ဘယ်လောက်ပဲ တိုးတက်အောင်လုပ်တယ်ဆိုတာ သူများနိုင်ငံရဲ့ယဉ်ကျေးမှုကိုအတု ခိုးမှတိုးတက်မှာမဟုတ်ဘူးလေ။ အဲဒီတော့သတ်မှတ်တာ၊ မသတ် မှတ် တာနဲ့တော့မဆိုင်ဘူး။ကိုယ့်နိုင်ငံယဉ်ကျေးမှုနဲ့ပဲတိုင်းတာစေချင်တယ်။
အေးမြတ်သူ
၁၈ နှစ်အောက်မကြည့်ဖို့ သတ်မှတ်ပေမယ့်လည်း ကြည့် နေတဲ့ သူတွေ ရှိနေရင်တော့လည်းဘာလုပ်မှာလဲ။ ဥပမာ- ဆေးလိပ် မသောက်ရ၊ ဆေး လိပ် သောက်ခြင်း ကကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ပြောပေမယ့် လည်းသောက်တဲ့သူတွေရှိ နေတာပဲလေ။ အဲဒီတော့ဘယ်လို သတ်မှတ်၊ သတ် မှတ်ကြည့် နေတဲ့ သူတွေ ရှိနေရင်ေ တာ့ဘာမှထူးမှာ မဟုတ်ပါဘူး။
ပေါ်ပြူလာ
Popular Journal
ဒီမိုကရေစီနှင့် ရုပ်ရှင်၊ ရင့်ကျက်မှုနှင့်အနုပညာအမြင်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
Entertainment
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin