မြွေ ၈၅ဝကို အရောင်းအဝယ်လုပ်သူအားနယူးယောက်၌ အာဏာပိုင်များတွေ့ရှိ

မသန်စွမ်းသောတိရစ္ဆာန် ထိန်းချုပ်ရေးအရာရှိတစ်ဦးသည် ခြောက်ပေရှည်လျားသော မြန် မာစပါးအုံးမြွေနှစ်ကောင်အပါ အဝင် မြွေအကောင် ၈၅ဝကိုထိန်း သိမ်းထားကာ နယူးယောက်ဆင် ခြေဖုံးရှိ ၎င်း၏အိမ်မှနေ၍ တရား မဝင်မြွေအရောင်းအဝယ်လုပ်နေ ကြောင်း ကြာသပတေးနေ့ကတွေ့ ရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

နယူးယောက် ဘရွတ်ခ်ဟေ ဗင်မှ ရစ်ချက်ပယ်ရီနယ်လိုသည် အိမ်နှင့်တွဲလျက် ကားဂိုဒေါင်အ တွင်း ကွန်တိန်နာများတွင် အပူ ချိန်မှန်ကန်စွာဖြင့် စနစ်တကျ ထားကြောင်း အကျိုးအမြတ်မယူ သည့်
အဖွဲ့တစ်ခုဖြစ်သော Suf-folk County SPCA ၏အကြီးအကဲ ရွိုင်းဂရော့စ်က ပြောကြားခဲ့သည်။

မြန်မာစပါးအုံးမြွေသည် နယူးယောက်တွင် တရားမဝင်သဖြင့် ပယ်ရီနယ်လို၏ စပါးအုံးမြွေများ ကို ၎င်းအိမ်မှယူဆောင်ကာ မက် ဆာချူးဆက်ရှိ တွားသွားတိရစ္ဆာန် ဘေးမဲ့တောသို့ ပို့ဆောင်ခဲ့သည်။ ကျန်မြွေများမှာ ၎င်း၏ဂိုဒေါင်ထဲ တွင်ရှိနေဆဲဖြစ်ကြောင်း ဘရွတ်ခ် ဟေဗင်မှ ဆက်သွယ်ရေးဒါရိုက် တာဂျက်စရိတ်ဂါက ပြောကြား ခဲ့သည်။

မြန်မာစပါးအုံး၊ ဘိုအားစပါး ကြီးအပါအဝင် မြွေအမျိုးမျိုး ပြည် တွင်းပြည်ပ ရောင်းချရန်ရှိကြောင်း ဝက်ဘ်ဆိုက် Snakeman's Exotics တွင် ပယ်ရီနယ်လိုက ကြေ ညာခဲ့သည်။ ပယ်ရီနယ်လိုကို ဖမ်း ဆီးခြင်းမပြုသကဲ့သို့ ပြစ်မှုဆိုင်ရာ စွဲချက်လည်းမတင်ခဲ့ပေ။ သို့သော် လည်း လူနေထိုင်ရာအရပ်တွင် ယခုကဲ့သို့ လုပ်ငန်းများလုပ်သဖြင့် မြို့၏ စည်းကမ်းဥပဒေကို ချိုး ဖောက်ရာရောက်နေကြောင်း ဆို သည်။

[ Ref:CNN ၊ နယူယောက် ၊ စက်တင်ဘာ ၂၀ ]
Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ