ကလေးငယ်တစ်ဦး ဆီစက်ရှပ်တန်းနှင့် ငြိတွယ်သေဆုံး

တောင်သာ စက်တင်ဘာ ၁၅

တောင်သာမြို့နယ် ဒါန်းတိုင် ကျေးရွာတွင် စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီက ကလေးငယ်တစ်ဦး ဆီစက်ရှပ်တန်းနှင့် ငြိတွယ်၍ သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဒါန်းတိုင်ကျေးရွာ နေ ဦးမြင့်သန်းကျော်၏ သားဖြစ်သူ မောင်ဖြိုးခန့်နောင် ခြောက်နှစ် ပထမ တန်းကျောင်းသားသည် တစ်ရွာ တည်းနေ အဘွားဖြစ်သူ ဒေါ်ရွှေဝိုင်း ၏ ဆီစက်တွင် ဆော့ကစားနေစဉ် ဆီစက်ရှပ်တန်း ဝင်ရိုးစွန်းနှင့် ငြိတွယ် ကာ ရှပ်တန်းနှင့်အတူ လည်ပတ်ပြီး ဆီစက်ဘေးတိုင်နှင့် ရိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့ရာ တောင်သာဆေးရုံမှ မြင်းခြံဆေးရုံသို့ လွှဲပြောင်းဆေးကုသ ရန် သွားရောက်စဉ် လမ်း၌သေဆုံးခဲ့ ကြောင်း သိရသည်။

ဆေးစစ်ချက်များ အရ ဦးခေါင်းခွံရိုးကျိုးအက်၍ ဦးနှောက် တွင်း သွေးယိုစိမ့်မှုကြောင့် သွေးခဲခြင်း၊ ညာဘက် လက်မောင်းရိုးကျိုးခြင်း၊ ညာဘက်နံရိုးနှစ်ချောင်းကျိုး၍ ခန္ဓာ ကိုယ်တွင်း သွေးယိုစိမ့်ခြင်းများ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

လင်းလက်ကြယ်(တောင်သာ)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ