မက်ဆီနှင့် နေမာ တွဲဖက်ကစားခြင်းက အလုပ်မဖြစ်နိုင်ဟု ခရိုက်ဖ်ဝေဖန်

လီယွန်နယ်လ် မက်ဆီနှင့် နေမာတို့အား တွဲဖက် အသုံးပြုမှုသည် ဘာစီလိုနာအတွက် အလုပ်ဖြစ်နိုင်ဖွယ် မရှိဟု အသင်း၏ ဂန္ထဝင် ကြယ်ပွင့်ဟောင်းကြီး ဂျိုဟန်ခရိုက်ဖ်...က မှတ်ချက်ပြု ပြောဆိုလိုက်သည်။ နယ်သာလန်သားကြီး ခရိုက်ဖ်က မက်ဆီ ခြေစွမ်းပြနေသည့် ဘာစီလိုနာ တိုက်စစ်တွင် ပါဝင်နိုင်ရန် နေမာအနေဖြင့် ဆက်လက် ရုန်းကန်ရမည်သာ
ဖြစ်ကြောင်း ဆိုသည်။

ဘရာဇီးလ် လက်ရွေးစင် လူငယ်ကြယ်ပွင့် နေမာသည် ဆန်းတို့စ်မှ ဘာစီလိုနာသို့ စတာလင်ပေါင် သန်း(၅၀)မျှဖြင့် ပြောင်းရွှေ့လာခဲ့သည်။ သို့သော်လည်း နေမာအနေဖြင့် မက်ဆီနှင့် တွဲဖက် ကစားရာတွင် အပြည့်အဝ ခြေစွမ်းမပြနိုင်သေးဘဲ ရှိနေပြီး ခရိုက်ဖ်က အမှန်တကယ်
အားဖြင့် နေမာကို မလိုအပ်ခဲ့ကြောင်း ထောက်ပြခဲ့သည်။

၎င်းက ဘာစီလိုနာ၏ တောင်ပံသမား နှစ်ဦးဖြစ်သည့် ပက်ဒရို ရိုဒရီဂွတ်ဇ်နှင့် ခရစ္စတီယန် တယ်လိုတို့ နှစ်ဦးနှင့်ပင် မက်ဆီကို အကောင်းဆုံး ပံ့ပိုးရန် လုံလောက်နေပြီဟု ယုံကြည်လျှက်ရှိသည်။

နေမာသည် စပိန်လာလီဂါတွင် (၅)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေပြီး ခရိုက်ဖ်က ယင်းအခြေအနေသည် နေမာနှင့် မက်ဆီကို ပေါင်းစပ်ခြင်း၏ ရလဒ်ဟု မှတ်ချက်ပြုခဲ့သည်။ ခရိုက်ဖ်သည် အသက်(၂၁)နှစ်ရှိ နေမာကို ဘာစီလိုနာ ဝယ်ယူစဉ်က မက်ဆီကို ရောင်းချသင့်ကြောင်း ပြောဆိုခဲ့
ဖူးသေးသည်။

"နေမာဟာ ခပ်ညံ့ညံ့ ကစားသမားလို့ ကျွန်တော် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ မေးခွန်းက မက်ဆီရှိနေချိန်မှာ အသင်းအတွက်
နေမာကို ဘယ်လိုသုံးမလဲ ဆိုတာပါပဲ"ဟု ခရိုက်ဖ်က ဆိုသည်။

၎င်းက "နေမာရော၊ မက်ဆီပါ လွတ်လွတ်လပ်လပ် ရွေ့လျားတတ်တဲ့ တိုက်စစ်သမားတွေပါ။ ဒါပေမဲ့ အဲဒီနှစ်ယောက်ကို တွဲသုံးတဲ့အခါ တစ်ယောက်ကတော့ ခံစစ်ကို ပိုပြီး အာရုံစိုက်ပေးရမယ်။ ပြဿနာက အဲဒါပဲ။ ဘာစီလိုနာဆိုတာ တောင်ပံလူတွေရဲ့ လုပ်အားနှုန်းနဲ့ အကောင်းဆုံး ကစားလေ့ရှိတဲ့ ပင်ကိုယ်ဟန်မျိုး ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ နေမာဟာ ပက်ဒရိုနဲ့ တယ်လိုတို့လို လုပ်အားနှုန်းကောင်းတဲ့ အခြေအနေ မရှိဘူးလေ"ဟုလည်း ပြောဆိုခဲ့သည်။ နေမာသည် ဘာစီလိုနာတွင် ပြိုင်ပွဲအဆင့် သွင်းဂိုးအဖြစ် စူပါကိုပါဖလားတွင် အက်သလက်တီကိုဘက်
သို့ ခေါင်းတိုက် သွင်းယူသော တစ်ဂိုးသာ ရရှိထားသေးသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ