မုံရွာမြို့တွင် တိကုဆရာဝန် မောင်းနှင်းလာသည့်ကားနှင့် လော်ကယ်မီးရထား ကန့်လန့်ဖြတ် ယာဉ်တိုက်မှုဖြစ်ပွား

မုံရွာ၊ စက်တင်ဘာ ၂၆

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အင်းရွာသစ် အောင်မင်္ဂလာလမ်းနှင့် ပြည်ထောင်စုလမ်းဆုံအနီး ရထားလမ်း ဖြတ်နေရာတွင် စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က ရထားနှင့်ကား ကန့်လန့်ဖြတ် ယာဉ်တိုက်မှု တစ်ရပ်ဖြစ်ပွားပေါ်ပေါက်ခဲ့ကြောင်း အမှတ် ၁၄ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့ခွဲမှူး ရဲမှူး ခင်ဇော် မြင့်မှ ပြောကြားသည်။

ဖြစ်စဉ်မှာ ခင်ဦး - မုံရွာ ရထာလမ်းပိုင်းရှိ တင်းတိန်ရံဘူတာမှ မုံရွာ ဘူတာသို့ ထွက်ခွာလာသော လော်ကယ်ရထား (အစုန်) စက်ခေါင်းအမှတ် 128 အား စက်ခေါင်းမှူး ဦးသန်းကြွယ်မှ မြောက်မှ တောင်သို့ မောင်းနှင်လာခဲ့ရာ ရထားလမ်းဖြတ်ဂိတ် နေရာအဖြစ် တရားဝင်သတ်မှတ်ပြဌာန်းပေးထားခြင်းမရှိသည့် အဆိုပါနေရာသို့အရောက်၌ အင်းရွာသစ် အောင်မင်္ဂလာလမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ ယာဉ်အမှတ် ၇ခ/ ၅၃၆၃ ပါဂျဲရိုယာဉ်အမျိုး အစား ကားအား ဒေါက်တာ ဦးမင်းမင်းကျော်(တိ/ကု)ဆိုသူမှ မောင်းနှင်လာခဲ့ရာ ရထားလမ်းဖြတ်နေရာ၌ ကန့်လန့်ဖြတ်တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့ယာဉ်တိုက်မိရာတွင် စတင်ဖြစ်ပွားသည့်နေရာမှ ပါဂျဲရိုးကားကြီးသည် ရထားစက်ခေါင်းရှေ့၌ ချိတ်လျက် သံလမ်းပေါ်တွင် ပါရှိသွားခဲ့သည်။ မုံရွာမြို့မ ရဲစခန်းမှ ရဲအရှိတစ်ဦး၏ စစ်ဆေး တိုင်းထွာချက်များ အရ ရထားနှင့်ကား ကန့်လန့်ဖြတ်ချိတ်၍ ပါသွားခဲ့သည်မှာ (၁၁၅)ခန့်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားစဉ်အချိန်ခန့်က မုံရွာမြို့၌ မိုးသဲထန်စွာရွာနေသည့်အတွက် ကားမောင်းသူမှ မှန်တံခါး များအားပိတ်၍ မောင်းနှင်းလာခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ဦးမင်းမင်းကျော်မှ ပြောပြသည်။ ဆက်လက်၍ ၎င်း၏ ခြေမပွန်းပဲ့ ဒဏ်ရာနှင့် ၀ဲဘက်လက်ဖမိုး ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟုလည်း ထိုသူမှ ဆိုသည်။

၎င်းယာဉ်တိုက်မှုဖြစ်ပွားရာသို့ ရောက်ရှိနေသူ မုံရွာ မီးရထားဘူတာ ရုံပိုင်ကြီး ဦးဇော်လွင်၏ ပြောပြချက်များအရ ယာဉ်တိုက်မှုဖြစ်ပွားချိန်တွင် ရထားပေါ်၌ စီးနင်းလိုက်ပါသူ ခရီးသည် (၁၀၀)၀န်းကျင်ခန့် လိုက်ပါသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု လုံးဝမရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးရထားတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ထိုကဲသို့ ဖြစ်စဉ်များသည် မီးရထားအက် ဥပဒေ ၁၂၆(၁) အရ အရေးယူထိုက်ကြောင်း တုန့်ပြန်ပြောကြား ခဲ့သည်။

သို့သော် ၎င်းယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ညနေ ၂ နာရီအချိန်ခန့်တွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေ အား သိရှိလိုသဖြင့် သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုန့်ပြန်ပြောကြားခြင်းမရှိသည့်အတွက် သီးခြား သတင်းအတည်ပြုနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

သတင်း + ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း) (facebook)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ