ချစ်သူသစ်တစ်ယောက် ရရှိလာရန် မျှော်လင့်ထားသည့် ဂမ်မာအာတင်တန်

ချစ်သူသစ်တစ်ယောက် ရရှိလာရန် မျှော်လင့်ထားသည့် ဂမ်မာအာတင်တန် Prince of Persia: The Sands of Time ဇာတ်ဆောင် မင်းသမီးသည် အီတလီ စီးပွားရေး လုပ်ငန်းရှင် စတီဖန်နို ကာတယ်လီနှင့် ဖေဖော်ဝါရီလ အတွင်းက ကွာရှင်းပြတ်စဲခဲ့သူ ဖြစ်သည်
သူမအနေဖြင့် တည်ငြိမ်သော အချစ်ရေး ဘဝသစ် တစ်ခုကို ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ဂမ်မာ အာတင်တန်က ပြောကြားလိုက်သည်။ Prince of Persia: The Sands of Time ဇာတ်ဆောင် မင်းသမီးသည် အီတလီ စီးပွားရေး လုပ်ငန်းရှင် စတီဖန်နို ကာတယ်လီနှင့် ဖေဖော်ဝါရီလ အတွင်းက ကွာရှင်းပြတ်စဲခဲ့သူ ဖြစ်သည်။ သူမက တစ်ကိုယ်တည်း ဘဝတွင် ပိုမိုပျော်ရွှင်ပြီး အပူအပင်ကင်းကြောင်း ယခင်က ပြောဆိုခဲ့ဖူးသော်လည်း ယခုအခါတွင်မူ ချစ်သူသစ်တစ်ယောက် ထားရှိရန် စဉ်းစားနေကြောင်း ဖွင့်ဟခဲ့သည်။ "အမေကတော့ ကျွန်မကို အဲလိဇဘက်သ် တေလာလို ယောက်ျားတွေ အများကြီး ရနေဦးမယ်လို့ သတိပေးပါတယ်။ ကျွန်မကလည်း ကောင်းတာပေါ့လို့ ပြန်ပြီး နောက်လိုက်ပါသေးတယ်။ ဒါပေမဲ့ လူတိုင်းသိပါတယ်။ ဘယ်သူမှ ကွာရှင်းပြတ်စဲချင်လို့ လက်ထပ်ခဲ့တာ မရှိပါဘူး။ ဒါဟာ ဘဝပဲလေ။ ဘာမဆို ပြောင်းလဲတတ်တယ် မဟုတ်လား"ဟု ဂမ်မာက မှတ်ချက်ပြုခဲ့သည်။

သူမက လတ်တလောတွင် ချစ်သူမရှိသေးသော်လည်း တစ်နေ့နေ့တွင် သင့်တော်သည့် အမျိုးသား တစ်ဦး ရှိလာမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။ အသက်(၂၇)နှစ်ရှိ ဗြိတိန်သူ မင်းသမီးက "အင်တာနက်ကနေ Dateလုပ်ရတာမျိုးကို ကျွန်မ သဘောကျပါတယ်။ ဒါပေမဲ့ အပျော်သက်သက်ပါ။ ဒါပေမဲ့ လေးလေးနက်နက်တော့ ကျွန်မ သဘောမထားချင်ဘူး။ အဲဒီမှာက လှည့်စားမှုတွေ များလွန်းတယ်။ ပြောရရင် အရက်ဘားတစ်ခုမှာ တွေ့ရာလူနဲ့ ကောက်တွဲလိုက်တာနဲ့တောင် မတူဘူး။ အင်တာနက်ကနေ Dateခဲ့သမျှ အမြဲတမ်း စစ်မှန်မှု မရှိဘူးလို့တော့ ကျွန်မ မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်မက ပိုပြီးတော့ စိတ်ပူတတ်တယ်။ ပြီးတော့ အခြေခံကျကျလည်း တွေးဖြစ်တယ်။ တစ်နေ့နေ့တော့ ကျွန်မမှာ ချစ်သူသစ် ရှိချင် ရှိလာမှာပေါ့။ ဒါပေမဲ့ လောလောဆယ် အိုကေပါတယ်။ ကျွန်မမှာ အတည်တကျ တွဲဖြစ်တဲ့သူ မရှိသေးဘူး"ဟု ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ